ပျော်ရွှင်ခြင်းဆိုတာ
ပန်းကလေးတွေကနေ ပျံ့လွှင့်နေတတ်တဲ့
နှစ်လိုဖွယ် မွှေးရနံ့လိုပါပဲ။
မွှေးရနံ့ရှိရာကို မြတ်နိုးသူတွေက
ချဉ်းကပ် ကြည်နူးကြသလိုပဲ
ပျော်ရွှင်ခြင်းကလည်း ကောင်းမွန်တာတွေကို
ဆွဲဆောင် စည်းရုံးနိုင်စွမ်းရှိတယ်။
မိသားစုမှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်
မိမိကိုယ်ကို လေးစားခြင်းက စရပါတယ်။
မိမိကိုယ်ကို လေးစားတတ်မှ
သူတစ်ပါးကိုလည်း လေးစားတတ်ပါမယ်။
ဒီအလေ့အကျင့်က စစ်မှန်တဲ့ပျော်ရွှင်ခြင်းကို
သေချာသပ်ရပ်စွာ တစ်ဆင့်ချင်း ဖန်တီးပေးပါလိမ့်မယ်။
တပြေးညီ ရရှိထားတဲ့နေ့သစ်ကို ပျော်ရွှင်ခြင်းနဲ့ စလိုက်ကြရအောင် . . . ။
Credit: ပန်းရဲ့ပုံပြင်
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment