Thursday, 2 June 2016

၁၂ လက်မ MacBook နှင့် အလွန်ဆင်တူသော Apple ၏ MacBook Pro ဓာတ်ပုံများ ထွက်ပေါ်လာ



Apple က ယခုနှစ်တွင် မိတ်ဆက်မည့် MacBook Pro laptop ဟု ယူဆရသည့် ဓာတ်ပုံများကို Cult of Mac မှ ဖော်ပြခဲ့သည်။

ယခုပေါက်ကြားထွက်ပေါ်လာသော ဓာတ်ပုံများအရ MacBook Pro သည် ၁၂ လက်မ MacBook နှင့် အလွန်ဆင်တူကြောင်း တွေ့ရသည်။ ၁၂ လက်မ MacBook သည် Apple ၏ နောက်ဆုံးထွက်ရှိထား သော laptop တစ်မျိုး ဖြစ်သည်။ ဓာတ်ပုံထဲတွင် တွေ့ရသော ပတ္တာသည် ၁၂ လက်မ MacBook ကဲ့သို့ သေးငယ်သည်။



ထို့အပြင် ဓာတ်ပုံထဲတွင် MacBook Pro သစ်ဟု ယူဆရသော laptop ၏ နံပါတ်ခလုတ်များ အထက်တွင် OLED function key များကို တွေ့ရသည်။ ၎င်းခလုတ်များကို သုံးစွဲသူက key အမျိုးမျိုးဖြင့် app များတွင် သီးသန့်အသုံးပြုရန် စိတ်ကြိုက်ပြင်ဆင်နိုင်ကြောင်း ကောလာဟလ သတင်းများက ဖော်ပြနေကြသည်။

Cult of Mac ၏သတင်းတွင် MacBook Pro သစ်၏ ဓာတ်ပုံအများအပြားကို ဖော်ပြထားသည်။ ၎င်းတို့အနက် ဓာတ်ပုံတစ်ပုံတွင် laptop အထူကို ပြသထားပြီး လက်ရှိ MacBook Pro များထက် ပါးလွှာကြောင်း သိရသည်။

ပေါက်ကြားထွက်ပေါ်လာသော ဓာတ်ပုံများသည် KGI Securities မှ လေ့လာဆန်းစစ်သူ မင်ချီကူ၏ ခန့်မှန်းချက်များနှင့် ကိုက်ညီနေသည်။ မင်ချီကူက Apple အနေဖြင့် အဓိက keyboard အပေါ်တွင် OLED ခလုတ်များ ပါဝင်လာမည် ဖြစ်ကြောင်း ခန့်မှန်းခဲ့ဖူးသည်။ ထို့အပြင် Apple MacBook Pro သစ်များတွင် Touch ID နှင့် USB-C port များ ပါဝင်လာနိုင်ကြောင်း မင်ချီကူက ပြောကြား ခဲ့သေးသည်။ အဆိုပါ MacBook Pro သစ်များကို ယခုနှစ် အောက်တိုဘာလနှင့် ဒီဇင်ဘာလအကြားတွင် မြင်တွေ့နိုင်ရဖွယ်ရှိကြောင်း မင်ချီကူက ခန့်မှန်းခဲ့သည်။

Ref: TechInsider
 

Tags: 

AppleMacBooks



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment