iOS သာမက Android OS ကိုပါ သုံးနိုင်တဲ့ iPhone တစ်လုံးကို Developer တစ်ယောက်က တီထွင်လိုက်ပါတယ်။ အချိန်မရွေး Android နဲ့ iOS ကို ပြောင်းလဲသုံးနိုင်ပါတယ်။ ဒီလို သုံးနိုင်ဖို့အတွက် Developer က 3D Printer ဖြင့် အထူး ထုတ်လုပ်ထားတဲ့ Smartphone Case တစ်ခုကို အသုံးပြုထားပါတယ်။
တီထွင်သူ Nick Lee က Android Open Source Project တစ်ခုကနေ တီထွင်ထားတာပါ။ သူက Custom Android Marshmallow Version ကို ဖန်တီးပြီးး Board တစ်ခုမှာ တင်ထားပါတယ်။ Board နဲ့ ဘက်ထရီကို ဆက်သွယ်ထားပါတယ်။ Board နဲ့ ဘက်ထရီကို Case မှာ ချိတ်ဆက်လိုက်ပါတယ်။
Case မှာ HDMI, USB Ports, SD Card Slot များ ပါရှိပါတယ်။ Android OS ကို ပြောင်းသုံးဖို့ Developer ရဲ့ App ကို အသုံးပြုရပါတယ်။
Credit - Myanmar Digital Life Journal
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:
Post a Comment