Thursday, 7 July 2016

လစာကောင်းတဲ့အလုပ်မရချင်ဘူးလား

လစာကောင်းတဲ့ အလုပ်တစ်ခုကို ရဖို့အတွက် ကိုယ်တိုင်မှာ အရည်အချင်းတွေ ရှိနေဖို့လိုပါတယ် ... ကိုယ့်ကိုကိုယ် အရင်ဆုံး ပြည့်ဝအောင် ကြိုးစားဖို့လိုပါတယ် .. နောက်ပြီး အတွေ့အကြုံလည်း လိုပါတယ် .. ကိုယ်တိုင်မှာ ၀မ်းစာပြည့်နေမယ် ... အတွေ့အကြုံတွေလည်း ရှိနေမယ်ဆိုရင် အလုပ်လုပ်ရာမှာ လစာဆိုတာ ကိုယ်တောင်းတဲ့ အပေါ် မူတည်လာ ပါလိမ့်မယ်. ကိုယ့် အရည်အချင်းကို ပြနိုင်ခဲ့ရင် အဲ့ဒီအရည်အချင်းနဲ့ ထိုက်တန်တဲ့လစာကို ရလာမှာပါ ..

အဲ့ဒီအတွက် ... အရင်ဆုံး ကိုယ့် အသက်မွေးမှုအတွက် လုပ်ချင်တဲ့အလုပ် တစ်ခုကို သေချာဆုံးဖြတ်ပါ .. အဲ့ဒီအလုပ်နဲ့ပတ်သက်ပြီး အတွေ့အကြုံ ကောင်းရအောင်ယူပြီး လုပ်ကိုင်ပါ .. အလုပ်နဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ ပြည့်ဝဖို့ လိုအပ်တဲ့ သင်တန်းတွေ

တက်ပါ ... ကိုယ့်ဝမ်းစာ ပြည့်ပြီဆိုရင်တော့ လိုချင်တဲ့လစာနဲ့ ထိုက်တန်တဲ့ လစာကို ရလာနိုင်မှာဖြစ်ပါတယ် ...


မုန်း (BeeTalk)







ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment