တစ်ခါတုန်းက လူတစ်ယောက်ဟာ အလွန်လှပတဲ့ပုလဲလေး တစ်လုံးကောက်ရခဲ့တယ်
ဒါပေမဲ့ ပုလဲလုံးလေးမှာက ဘာမှမပြောပလောက်တဲ့ အနာအဆာလေး သေးသေးလေးတစ်ခုပါလာခဲ့တယ်
ပုလဲလုံးလေးက အဲဒီအတိုင်းကို အရည်အသွေးလည်းလှပြီး တန်းဖိုးလည်းရှိနေပါတယ်
ဒါပေမယ့် ကောက်ရတဲ့လူဟာ ပုလဲလုံးရဲ့တန်ဖိုးကိုမစဉ်းစားပဲ ပုလဲလုံးရဲ့အနာလေးကိုပဲ အပြစ်မြင်နေခဲ့တယ်
သူစဉ်းစားတာက'' ဒီပုလဲလုံးမှာ ဒီအနာလေးသာမပါခဲ့
ရင်ကမ္ဘာမှာ တန်ဖိုးအရှိဆုံးနဲ့အလှဆုံးပုလဲလုံးလေးဖြစ်မှာပဲ'' ဆိုပြီး ပါလာခဲ့တဲ့အနာပေါ်မှာ မကျေမနပ်ဖြစ်နေခဲ့တယ်။
ဒါနဲ့ ပုလဲလုံးကိုထုတ်ကြည့်လိုက်ပြန်ထည့်လိုက်နဲ့
ဒီအနာက အပေါ်ယံအလွှာလေးမှာပဲရှိမှာပါလို့ စဉ်းစားမိပြန်တယ်။ ဒါကြောင့် အပ်ါယံအလွှာကိုခွာဖို့ဆုံးဖြတ်လိုက်တယ်။
အပေါ်ယံအလွှာကုန်သွားတယ် အနာကတော့ပျောက်မသွားဘူး။ မကျေနပ်ဘူး ထပ်ခွာတယ် ပျောက်မသွားဘူး။ ဒီိလိုနဲ့ခွာရင်း ခွာရင်း နောက်ဆုံးပုလဲလုံးလဲ ကုန်သွားတော့မှ အနာလဲပျောက်သွားတော့တယ့်
*****************************
ကျွန်တော်တို့ပတ်ဝန်းကျင်မှာလဲ ပုလဲလုံးကောက်ရတဲ့လူလို မိုက်မဲတဲ့လူတွေရှိကြမှာပါ
ဘဝမှာ ကိုယ်နဲ့ကြုံလာရ ဆုံလာရတဲ့ သက်ရှိသက်မဲ့အရာအားလုံး ကိုယ်ကောက်ရတဲ့ ပုလဲလုံးတွေပါပဲ အပြစ်အနာအဆာဆိုတာကတော့ ကိုယ်ကိုတိုင်ကြည့် တတ်မြင်တတ်ခံယူတတ်တဲ့အပေါ်မှာပဲမူတည် ပါတယ်
ဘယ်သူမှ ဘယ်အရာမှာ အပြစ်ကင်းတယ်ဆိုတာ မရှိပါဘူး အပြစ်ကိုပဲမြင်နေပြီး ပုလဲလုံးခွာသလိုဆက်ခွာနေမယ် ဆိုရင် ပုလုံးခွာတဲ့လူမိုက်ထဲ ကိုယ်ပါသွားလိမ့်မယ်
==============================
ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ကြပါစေ
Credit- happy life
စာဖတ်ခြင်းဖြင့် ပညာ ဗဟုသုတ တိုးပွားနိုင်ကြပါစေ ...
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment