တို့နှစ်ယောက်ရဲ့ အနာဂတ်
ဝိုးတ၀ါးတော့လှမ်းမြင်နေသေးတယ် ..
ရှေ့ဆက်ရမယ့်လမ်းကတော့
ခပ်ရေးရေးနဲ့မှိန်ပြနေနေသေးတာပေါ့ ..
ဒါပေမယ့် ..
တို့အတူလက်တွဲပြီး
ကြုံလာသမျှ အခက်ခဲတိုင်းကိုဖြတ်ကျော်လို့
ရှေ့ဆက်မယ့်လမ်းတွေ
အရောင်လက်ဖို့ ကြိုးစားကြစို့ရဲ့
ခက်ခဲမှုဆိုတာတွေကို
နှစ်ယောက်အတူ ရင်ဆိုင်ဖို့အသင့် ..
ခပ်ဝါးဝါးလမ်းတွေကို
ရှင်းရှင်းလင်းလင်းမြင်ရတဲ့အချိန်အထိ
တွဲလက်တွေဆုပ်ကိုင်ပြီး
မနားတမ်းဆက်လျှောက်ကြဦးစို့ ..
ချစ်သူရေ ..
တို့နှစ်ဦးရှေ့ဆက်ပြီး ပန်းခင်းတဲ့အနာဂတ်ဆီကို
ရဲရဲကြီးလှမ်းလျှောက်ကြစို့နော် ..
မုန်း (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Labels
- ကဗျာ (71)
- ကျန်းမာရေးဗဟုသုတ (158)
- ချစ်မှုရေးရာ (45)
- စာအုပ်စင် (14)
- နည်းပညာ (223)
- ပညာပေး သင်ခန်းစာ (3)
- ပညာရေး (6)
- ဗဟုသုတ (242)
- ဘာသာရေး (2)
- ဝတ္ထုတို (36)
- ဟာသ (117)
- အလှအပရေးရာ (1)
- ဆောင်းပါးများ (111)
- ပြည်ခိုင်ဖြိုး သတင်း (4)
Thursday, 7 July 2016
အတူတူရင်ဆိုင်မယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment