Sunday, 3 July 2016

တကယ္ေရာတန္သလား


<<<Zawgyi Version>>>


က်ားႀကီးတစ္ေကာင္ဟာ ေခြးရူးကိုေတြ႔တာနဲ႔ ခ်က္ခ်င္းေရွာင္ပုန္းလိုက္ပါတယ္။
က်ားငယ္က ေမးပါတယ္။

" အေဖက ျခေသၤ႔ကိုလည္း တိုက္ရဲတယ္။ က်ားသစ္ကိုလည္း ႏုိင္ရဲတယ္။ ဘာမွမဟုတ္တဲ့ ေခြးရူးက်ေတာ့ ေရွာင္ပုန္းတယ္။
သိကၡာမက်ဘူးလား အေဖ " တဲ့ ၊

က်ားႀကီးက သူ႔သားကိုျပန္ေမးလိုက္ပါတယ္။

" ေခြးရူးကိုႏိုင္ေတာ့
ဂုဏ္ယူစရာ ေကာင္းသလား သား " ၊

က်ားငယ္ေခါင္းခါပါတယ္။

" ေခြးရူးတစ္ခ်က္ အကိုက္ခံရရင္ေကာ တန္သလား "

က်ားငယ္က ေခါင္းခါျပန္တယ္။

" ဒါဆိုရင္ ငါတို႔ဘာလို႔ ေခြးရူးကို သြားရန္စရမွာလဲ၊ ေခြးရူးဆိုတာ စိတ္ေဖာက္ေနတဲ့အေကာင္၊ ေတြ႔ကရာေလွ်ာက္ကိုက္ ေနတဲ့အေကာင္၊ အေကာင္တိုင္းဟာ ငါတို႔ကို ယွဥ္ၿပိဳင္ဖို႔ တန္တာမဟုတ္ပါဘူး၊ အဲဒါ သား ၿမဲၿမဲမွတ္ထား၊ လူေတြလိုမလုပ္ပါနဲ႔ ၊ လူေတြေတာ္ေတာ္မ်ားမ်ားက ေခြးရူးနဲ႔ ၿပိဳင္တူ ကိုက္ေနၾကတာ " တဲ႔။

တစ္စံုတစ္ေယာက္၏ ေစာ္ကားေမာ္ကား
အျပဳမူ အေျပာအဆိုေတြေၾကာင္႔ ေဒါသထြက္
တုန္႔ျပန္ခ်င္စိတ္ျပင္းျပေနေသာ သင္႔အား
ဒီ ပံုျပင္ေလးက ႏွစ္သိမ္႔ႏိုင္ပါေစ။

Credit; Sya Aung Ko Latt


အရင္က တင္ေပးခဲ့တဲ့ သတင္းေတြ ဖတ္ခ်င္တယ္ဆိုရင္ ဒီမွာႏွိပ္ပါ။ 




<<<Unicode Version>>>


တစ်ကယ်ရော တန်သလား

ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။
ကျားငယ်က မေးပါတယ်။

" အဖေက ခြင်္သေ့ကိုလည်း တိုက်ရဲတယ်။ ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့ ခွေးရူးကျတော့ ရှောင်ပုန်းတယ်။
သိက္ခာမကျဘူးလား အဖေ " တဲ့ ၊

ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။

" ခွေးရူးကိုနိုင်တော့
ဂုဏ်ယူစရာ ကောင်းသလား သား " ၊

ကျားငယ်ခေါင်းခါပါတယ်။

" ခွေးရူးတစ်ချက် အကိုက်ခံရရင်ကော တန်သလား "

ကျားငယ်က ခေါင်းခါပြန်တယ်။

" ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို သွားရန်စရမှာလဲ၊ ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင်၊ တွေ့ကရာလျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား မြဲမြဲမှတ်ထား၊ လူတွေလိုမလုပ်ပါနဲ့ ၊ လူတွေတော်တော်များများက ခွေးရူးနဲ့ ပြိုင်တူ ကိုက်နေကြတာ " တဲ့။

တစ်စုံတစ်ယောက်၏ စော်ကားမော်ကား
အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက်
တုန့်ပြန်ချင်စိတ်ပြင်းပြနေသော သင့်အား
ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။

Credit; Sya Aung Ko Latt



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246

No comments:

Post a Comment