Tuesday, 12 July 2016

ဘဝတန္ဖိုး




<<< Zawgyi Version >>>

ဘဝ တန္ဖိုး


တစ္ေန႔မွာ နာမည္ႀကီး ေဟာေျပာသူတစ္ေယာက္က

လူ ၂၀၀ ေလာက္ရွိတဲ့ ခန္းမထဲမွာ

ေဒၚလာ တစ္ရာတန္ တစ္ရြက္ကို ကိုင္ၿပီး စတင္လိုက္ပါတယ္။ ခန္းမထဲမွာ ရွိတဲ့ လူေတြကို ဒီ ေဒၚလာ ၁၀၀ ကို ဘယ္သူလိုခ်င္လဲ လိုခ်င္တဲ့သူေတြ လက္ေထာင္လိုက္ပါ လို႔ ေျပာပါတယ္ …

အဲဒီအခ်ိန္မွာ အားလံုးက လက္ေထာင္ၿပီးေတာ့ လိုခ်င္ေၾကာင္း ျပၾကပါတယ္။ ပရိတ္သတ္ေတြထဲ က တစ္ေယာက္ ကို ဒီ ေဒၚလာ ၁၀၀ ကို ေပးပါမယ္ … ဒါေပမယ့္ ကၽြန္ေတာ့္ကို တစ္ခုေတာ့ 

လုပ္ခြင့္ေပးပါ လို႔ေျပာၿပီးေတာ့ အဲဒီပိုိက္ဆံကို လံုးေခ်လိုက္ပါတယ္။ ၿပီးေတာ့ ဘယ္သူေတြ လိုခ်င္ၾကေသးလဲ လို႔ ေမးျပန္ပါတယ္။ ပရိတ္သတ္ေတြကေတာ့ လက္ေတြကို ေျမႇာက္ထားၾကဆဲပါ …

ဟုတ္ၿပီ … ဒါဆိုရင္ ကၽြန္ေတာ္ … ဘာဆက္လုပ္မလဲ ၾကည့္ရေအာင္ဗ်ာ … ဆိုၿပီးေတာ့ ပိုက္ဆံကို ၾကမ္းျပင္ေပၚ ပစ္ခ်လိုက္ၿပီးေတာ့ ဖိနပ္နဲ႔ နင္းေခ်လိုက္ပါတယ္ … အဲဒီေၾကမြ ေပေရ ေနတဲ့ ပိုက္ဆံကို ျပန္ေကာက္ၿပီးေတာ့ ဘယ္သူေတြလိုခ်င္ေသးလဲ လို႔ ထပ္ေမးပါတယ္။ ပရိတ္သတ္ေတြကေတာ့ လက္ေတြ ေျမႇာက္ထားဆဲပါပဲ …

အဲဒီေတာ့မွ ပရိတ္သတ္ႀကီးခင္ဗ်ာ … ကၽြန္ေတာ္တို႔အတြက္ တန္ဖိုးရွိတဲ့ 

သင္ခန္းစာတစ္ခုကို ေျပာျပခ်င္လို႔ပါ … ကၽြန္ေတာ္ ဒီပိုက္ဆံကို ဘယ္လိုပဲ နင္းေခ် ညစ္ပတ္ေပေရ လုပ္လိုက္ေပမယ့္ ပရိတ္သတ္ႀကီးက 

လိုခ်င္ေနဆဲပါပဲ … ဘာေၾကာင့္လဲဆိုေတာ့ ပိုက္ဆံကို ညစ္ပတ္ေပေရ တြန္႔ေၾက သြားေအာင္ လုပ္လိုက္္ေပမယ့္ သူရဲ႕ တန္ဖိုးက ေျပာင္းလဲမသြားလို႔ပါ …

ကၽြန္ေတာ္တို႔ ဘဝမွာ အႀကိမ္ေပါင္းမ်ားစြာ ျပဳတ္က်ႏုိင္တယ္ .. ေၾကမြႏိုင္တယ္ … ညစ္ပတ္ေပေရ သလိုမ်ိဳး ဘဝေတြ ႏြမ္းပါးႏိုင္တယ္။ ကၽြန္ေတာ့္တို႔ ကို ကၽြန္ေတာ္တို႔ အသံုးမက်ေတာ့ဘူးလို႔ေတာင္ ခံစားရေကာင္းခံစားရမိႏိုင္တယ္။ ဒါေပမယ့္ ဘာပဲျဖစ္ခဲ့ခဲ့ … ဘာေတြပဲ ျဖစ္လာလာ ကိုယ့္ရဲ႕တန္ဖိုးေတာ့ မမဲ့ပါေစနဲ႔ .. ဒါေလးေတာ့ မေမ့ေစခ်င္ပါဘူး လို႔ ေျပာလိုက္ပါတယ္

ဒီအေၾကာင္းအရာေလးကို အင္တာနက္မွာ ဖိတ္မိတဲ့အခါ ဆက္စဥ္းစားျဖစ္ပါတယ္ … ပိုက္ဆံ တစ္ရြက္မွာ ၂၀၀ … ၅၀၀ … ၁၀၀၀ .. ၅၀၀၀ …. ၁၀၀၀၀ စသည္ျဖင့္ တန္ဖိုးေတြ ရွိသလို …

လူတစ္ေယာက္ရဲ႕ တန္ဖိုးဆိုတာ ဘာလဲ …

ကိုယ့္မွာ ဘယ္လိုတန္ဖိုးေတြ ရွိသင့္လဲ …

႐ိုးသားမႈ၊

နားလည္မႈ၊

တရားမွ်တမႈ၊

ၪာဏ္ပညာ ႀကီးမားမႈ၊

ေခါင္းေဆာင္ႏိုင္မႈ၊

ေပးကမ္းစြန္႔ႀကဲႏို္င္မႈ၊

ရဲရင့္မႈ၊

စြန္႔လႊတ္ အနစ္နာခံႏိုင္မႈ

စတဲ့ စတဲ့ ေလာကပါလ တရားေတြထဲက

ကိုယ့္ရဲ႕ တန္ဖိုးက ဘာလဲ .....

ဘယ္လို သတ္မွတ္ၾကမလဲ …

အေလးအနက္ထားၿပီး စဥ္းစားၾကည့္ၾကေစခ်င္ပါတယ္ ….

“တန္ဖိုးရွိေသာ ဘဝကိုယ္စီကို ပိုင္ဆိုင္ ႏိုင္ၾကပါေစ …”

 ေအာင္ကိုဦး(UMK)

From : Mg Bo Kyaw


စာဖတ္ျခင္းျဖင့္ ပညာ ဗဟုသုတ တုိးပြားႏုိင္ၾကပါေစ ...


<<< Unicode Version >>>

ဘဝ တန်ဖိုး


တစ်နေ့မှာ နာမည်ကြီး ဟောပြောသူတစ်ယောက်က

လူ ၂၀၀ လောက်ရှိတဲ့ ခန်းမထဲမှာ

ဒေါ်လာ တစ်ရာတန် တစ်ရွက်ကို ကိုင်ပြီး စတင်လိုက်ပါတယ်။ ခန်းမထဲမှာ ရှိတဲ့ လူတွေကို ဒီ ဒေါ်လာ ၁၀၀ ကို ဘယ်သူလိုချင်လဲ လိုချင်တဲ့သူတွေ လက်ထောင်လိုက်ပါ လို့ ပြောပါတယ် …

အဲဒီအချိန်မှာ အားလုံးက လက်ထောင်ပြီးတော့ လိုချင်ကြောင်း ပြကြပါတယ်။ ပရိတ်သတ်တွေထဲ က တစ်ယောက် ကို ဒီ ဒေါ်လာ ၁၀၀ ကို ပေးပါမယ် … ဒါပေမယ့် ကျွန်တော့်ကို တစ်ခုတော့ 

လုပ်ခွင့်ပေးပါ လို့ပြောပြီးတော့ အဲဒီပိိုက်ဆံကို လုံးချေလိုက်ပါတယ်။ ပြီးတော့ ဘယ်သူတွေ လိုချင်ကြသေးလဲ လို့ မေးပြန်ပါတယ်။ ပရိတ်သတ်တွေကတော့ လက်တွေကို မြှောက်ထားကြဆဲပါ …

ဟုတ်ပြီ … ဒါဆိုရင် ကျွန်တော် … ဘာဆက်လုပ်မလဲ ကြည့်ရအောင်ဗျာ … ဆိုပြီးတော့ ပိုက်ဆံကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီးတော့ ဖိနပ်နဲ့ နင်းချေလိုက်ပါတယ် … အဲဒီကြေမွ ပေရေ နေတဲ့ ပိုက်ဆံကို ပြန်ကောက်ပြီးတော့ ဘယ်သူတွေလိုချင်သေးလဲ လို့ ထပ်မေးပါတယ်။ ပရိတ်သတ်တွေကတော့ လက်တွေ မြှောက်ထားဆဲပါပဲ …

အဲဒီတော့မှ ပရိတ်သတ်ကြီးခင်ဗျာ … ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့ 

သင်ခန်းစာတစ်ခုကို ပြောပြချင်လို့ပါ … ကျွန်တော် ဒီပိုက်ဆံကို ဘယ်လိုပဲ နင်းချေ ညစ်ပတ်ပေရေ လုပ်လိုက်ပေမယ့် ပရိတ်သတ်ကြီးက 

လိုချင်နေဆဲပါပဲ … ဘာကြောင့်လဲဆိုတော့ ပိုက်ဆံကို ညစ်ပတ်ပေရေ တွန့်ကြေ သွားအောင် လုပ်လိုက််ပေမယ့် သူရဲ့ တန်ဖိုးက ပြောင်းလဲမသွားလို့ပါ …

ကျွန်တော်တို့ ဘဝမှာ အကြိမ်ပေါင်းများစွာ ပြုတ်ကျနိုင်တယ် .. ကြေမွနိုင်တယ် … ညစ်ပတ်ပေရေ သလိုမျိုး ဘဝတွေ နွမ်းပါးနိုင်တယ်။ ကျွန်တော့်တို့ ကို ကျွန်တော်တို့ အသုံးမကျတော့ဘူးလို့တောင် ခံစားရကောင်းခံစားရမိနိုင်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ခဲ့ခဲ့ … ဘာတွေပဲ ဖြစ်လာလာ ကိုယ့်ရဲ့တန်ဖိုးတော့ မမဲ့ပါစေနဲ့ .. ဒါလေးတော့ မမေ့စေချင်ပါဘူး လို့ ပြောလိုက်ပါတယ်

ဒီအကြောင်းအရာလေးကို အင်တာနက်မှာ ဖိတ်မိတဲ့အခါ ဆက်စဉ်းစားဖြစ်ပါတယ် … ပိုက်ဆံ တစ်ရွက်မှာ ၂၀၀ … ၅၀၀ … ၁၀၀၀ .. ၅၀၀၀ …. ၁၀၀၀၀ စသည်ဖြင့် တန်ဖိုးတွေ ရှိသလို …

လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ဘာလဲ …

ကိုယ့်မှာ ဘယ်လိုတန်ဖိုးတွေ ရှိသင့်လဲ …

ရိုးသားမှု၊

နားလည်မှု၊

တရားမျှတမှု၊

 ဉာဏ်ပညာ ကြီးမားမှု၊

ခေါင်းဆောင်နိုင်မှု၊

ပေးကမ်းစွန့်ကြဲနို်င်မှု၊

ရဲရင့်မှု၊

စွန့်လွှတ် အနစ်နာခံနိုင်မှု

စတဲ့ စတဲ့ လောကပါလ တရားတွေထဲက

ကိုယ့်ရဲ့ တန်ဖိုးက ဘာလဲ .....

ဘယ်လို သတ်မှတ်ကြမလဲ …

အလေးအနက်ထားပြီး စဉ်းစားကြည့်ကြစေချင်ပါတယ် ….

“တန်ဖိုးရှိသော ဘဝကိုယ်စီကို ပိုင်ဆိုင် နိုင်ကြပါစေ …”

အောင်ကိုဦး(UMK)

From : Mg Bo Kyaw



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246

No comments:

Post a Comment