နည်းပညာနှင့် သက်မွေးပညာ နှီးနှောဖလှယ်ပွဲ (TVET Forum) ကို ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက်များတွင် နေပြည်တော် MICC-II ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း MOE မှ သိရသည်။
မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍတွင် သက်မွေးပညာရေး သင်ယူနိုင်သော အခွင့်အလမ်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်၊ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ၏ အရည်အသွေးနှင့် စီမံခန့်ခွဲမှုများ ပိုမိုအားကောင်းလာစေရန်အတွက် အစိုးရ၊ ပုဂ္ဂလိက၊ စက်မှုလုပ်ငန်းများ၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ နှီးနှောဖလှယ်၍ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍအား ရေရှည် တိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့် လုပ်ငန်းနည်းလမ်း အဆင့်ဆင့်တို့အား ချမှတ်နိုင်ရန် ရည်ရွယ်ကာ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများမှ နည်းပညာနှင့် သက်မွေးပညာ လေ့ကျင့်ရေး (TVET) ကိုယ်စားလှယ်များ၊ နည်းပညာနှင့်သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန (DTVET) မှ ကိုယ်စားလှယ်များ၊ TVET sector မှ ကျောင်းအုပ်ကြီးများ၊ National Skills Standards Authority (NSSA)မှ ကိုယ်စားလှယ်များ၊ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) ကိုယ်စားလှယ်များ၊ မိတ်ဖက်ကုမ္ပဏီများ၊ စက်မှုဇုန်များ၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများနှင့် အထူးစီးပွားရေးဇုန်များမှ ကိုယ်စားလှယ်များအား ဖိတ်ကြားထားကြောင်း သိရသည်။
Tags:
TVET Forum
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment