Wednesday, 20 July 2016

၅.၂ လက်မ display နှင့် 13MP ကင်မရာပါဝင်သည့် ZTE Small Fresh 4 စမတ်ဖုန်း



ZTE သည် ဈေးသက်သာသည့် စမတ်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

Small Fresh 4 ဟုခေါ်သည့် စမတ်ဖုန်းသစ်တွင် octa-core 1.5GHz SoC (MediaTek MT6753) ကို အသုံးပြုထားပြီး ၅.၂ လက်မ full HD display နှင့် 2.5D curved glass ကို တပ်ဆင်ထားသည်။

2GB RAM နှင့် 16GB internal memory ပါဝင်ပြီး ဘက်ထရီက 2,450mAh ဖြစ်သည်။ ကင်မရာအနေဖြင့် ကျောဘက်တွင် 13MP ကင်မရာ တပ်ဆင်ပါဝင်ပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။ Marshmallow အခြေခံ MiFavor 3.5 UI ကို အသုံးပြုထားပြီး ကျောဘက်တွင် 3D လက်ဗွေစနစ်ပါဝင်သည်။

တန်ဖိုးမှာ ၁,၀၉၀ ယွမ် (၁၆၃ ဒေါ်လာ) ဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်တွင် တရုတ်နိုင်ငံ၌ ရောင်းချမည်ဖြစ်သည်။

Ref: GSMArena
credit-Internet journal



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment