Huawei သည် ၂၀၂၁ တွင် ကမ္ဘာ့ထိပ်ဆုံးအဆင့် စမတ်ဖုန်းထုတ်လုပ်သူဖြစ်လာရန် ရည်မှန်းလျက်ရှိကြောင်း သတင်းများအရ သိရှိရသည်။ ထိုအစီအစဉ်အား chairman တစ်ဦးဖြစ်သူ ရစ်ချက်ယုမှ ဟောင်ကောင်ရှိ Converge tech conference တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြောနိုင်လောက်အောင်လည်း အချက်အလက်များက ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိကာလ တွင် တရုတ်ဈေးကွက်သည် ကျဆင်းလာလျက်ရှိသော်လည်း Huawei သည် ယခုနှစ် ပထမသုံးလပတ်အတွက် စမတ်ဖုန်းတင်ပို့မှုတွင် ၅၉% တိုးတက်လာခဲ့ကြောင်း သိရသည်။
ထိုကာလတွင် Samsung မှာ အပြောင်းအလဲမရှိဘဲ Apple မှာမူ ၁၄% ကျဆင်းခဲ့ကြောင်းသိရသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာတွင် IDC ၏ စာရင်းများအရ Huawei သည် စမတ်ဖုန်းဈေးကွက်၏ ၈.၃% ကို ရယူထားပြီး Apple မှာ ၁၅% နှင့် Samsung မှ ၂၃% တို့ အသီးသီးရှိကြသည်။
၂၀၂၁ တွင် Huawei ၏ ဈေးကွက်ဝေစုသည် လေးပုံတစ်ပုံကိုမြင့်တက်လာရန် မျှော်မှန်းကြောင်း ယုမှ ဆိုထားပြီး Huawei အနေဖြင့် စိတ်ရှည်ရှည်နှင့် တိုးတက်မှုရရှိရန် ဆက်တိုက်လုပ်ဆောင်သွားရမည် ဖြစ်သည်။
ထိုရလဒ်ကိုရရှိမည်ဟု ပြောရန်စောလွန်းသေးသော်လည်း Huawei သည် အကောင်းဆုံးကြိုးစားလျက်ရှိပြီး သုတေသန (R & D) အတွက် ဒေါ်လာ ၉.၂ ဘီလီယံကို ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံထားကာ Apple ၏ ဒေါ်လာ ၈.၁ ဘီလီယံထက်ပင် သာလွန်ခဲ့သည်။
Credit-Netguide Journal
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment