<<< Zawgyi Version >>>
ဂ်ပန္ႏိုင္ငံ ဟုိကိုနီ ပန္းခ်ယ္ရီေျမသည္ ျမန္မာျပည္မွ ေရလမ္းခရီးျဖင့္ လွ်ိဳ႕၀ွက္ေရာက္ရွိလာခဲ့ေသာ ရဲေဘာ္ ၂၇ ဦးအတြက္ ေခတၱတည္းခိုစခန္း သေဘာမ်ိဳးျဖစ္ခဲ့သည္။ တိုက်ိဳၿမိဳ႕မွ ၃၉ မိုင္ခန္႔ကြာေ၀းသည္။ ေနာင္တြင္ ရာသီဥတုအားျဖင့္ ျမန္မာျပည္ႏွင့္ အနီးစပ္ဆံုးတူညီေသာ ဟိုင္နန္ကၽြန္း စန္းငၿမိဳ႕ဆင္ေျခဖံုး စစ္သင္တန္းသို႔ ပို႔ေပးလိုက္သည္။ ထို႔ေနာက္ စန္းငမွ ေဖာ္မိုဆာကၽြန္၊း တာမာဆာတိုၿမိဳ႕ ဗုိလ္သင္တန္းသို႔ ေျပာင္းေရႊ႕ရသည္။ စန္းငတြင္ စစ္သင္တန္းတက္ရစဥ္ ရဲေဘာ္သံုးက်ိပ္အား ဂ်ပန္အမည္မ်ားျဖင့္ ေခၚေ၀ၚခဲ့သည္။ သို႔ႏွင့္ သခင္ေအာင္ဆန္း (အိုမိုတာမြန္ခ်ီ)၊ သခင္႐ႈေမာင္ (တကာစုကီ-စုစုမိ)၊သခင္လွေမာင္ (ခါကာတာတာခ်ီ) စသည္ျဖင့္သံုးႏႈန္းခဲ့ရသည္။
တစ္ေန႔တြင္ သခင္လွေမာင္(ခါကာတာတာခ်ီ)က စိတ္ကူးတစ္ခု တင္ျပခဲ့သည္။ ဂ်ပန္တြင္ ဂ်ပန္အမည္ျဖင့္ စစ္သင္တန္းတက္ေနစဥ္ ျမန္မာျပည္တြင္ က်န္ရစ္ခဲ့ေသာ မိသားစုမ်ား၊ ေဆြမ်ိဳးမ်ား ဒုကၡေရာက္စရာ မရွိေၾကာင္း၊ ျမန္မာျပည္သို႔ ခ်ီတက္သည့္အခါ ဂ်ပန္နာမည္မ်ား မသံုးခ်င္ေတာ့၍ ျမန္မာနာမည္ရင္းမ်ားျဖင့္ ေခၚခဲ့လွ်င္ မိသားစုမ်ား ဒုကၡေတြ႕နိုင္ေၾကာင္း၊ ထို႔ေၾကာင့္
ျမန္မာျပည္သို႔၀င္သည့္အခါ ေရွးေခတ္က ဘုရင့္ေနာင္၊ ဗႏၶဳလစသည္ျဖင့္ အမည္မ်ိဳးမ်ား မွည့္ေခၚသံုးစဲြသင့္ေၾကာင္း အႀကံေပးသည္။ ဤနည္းျဖင့္ သခင္ေအာင္ဆန္း (ဗိုလ္ေတဇ)၊ သခင္႐ႈေမာင္ (ဗိုလ္ေန၀င္း)၊ သခင္လွေမာင္ (ဗိုလ္ေဇယ်) စသည္ျဖင့္ သခင္အမ်ည္ေပ်ာက္ၿပီး ဗိုလ္ အမည္မ်ားျဖင့္ ေျပာင္းလဲ ေရာက္ရွိလာခဲ့သည္။ ရဲေဘာ္သံုးက်ိပ္အမည္မ်ားကို ဘန္ေကာက္ၿမိဳ႕ တႏြမ္းစပ္ထံုလမ္းရွိ ေဘာ္နီယိုကုမၸဏီ၀င္းအတြင္း စတင္ေပးအပ္ခဲ့သည္။
ေမာင္ၾကည္သန္႔၏ ျမန္မာ့ျဖစ္ရပ္၁၀၀မွ ေကာက္ႏႈတ္တင္ျပသည္။
Credit : PannPwint
ျမန္မာ့ပုံရိပ္နဲ႔အတူ ျမန္မာ့အလွအပ ဗဟုသုတေတြကုိ
ၾကည့္ရႈခံစားၾကရေအာင္...
(ပုိ႔စ္ အေဟာင္းမ်ားကုိ ျပန္လည္ဖတ္ရႈလုိပါက ဒီကုိႏွိပ္ ပါ။)
<<< Unicode Version >>>
ရဲဘော်သုံးကျိပ်ကို ဗိုလ်အမည်ပေးဖို့ ဘယ်သူအကြံရခဲ့တာလဲ
ဂျပန်နိုင်ငံ ဟိုကိုနီ ပန်းချယ်ရီမြေသည် မြန်မာပြည်မှ ရေလမ်းခရီးဖြင့် လျှို့ဝှက်ရောက်ရှိလာခဲ့သော ရဲဘော် ၂၇ ဦးအတွက် ခေတ္တတည်းခိုစခန်း သဘောမျိုးဖြစ်ခဲ့သည်။ တိုကျိုမြို့မှ ၃၉ မိုင်ခန့်ကွာဝေးသည်။ နောင်တွင် ရာသီဥတုအားဖြင့် မြန်မာပြည်နှင့် အနီးစပ်ဆုံးတူညီသော ဟိုင်နန်ကျွန်း စန်းငမြို့ဆင်ခြေဖုံး စစ်သင်တန်းသို့ ပို့ပေးလိုက်သည်။ ထို့နောက် စန်းငမှ ဖော်မိုဆာကျွန်၊း တာမာဆာတိုမြို့ ဗိုလ်သင်တန်းသို့ ပြောင်းရွှေ့ရသည်။ စန်းငတွင် စစ်သင်တန်းတက်ရစဉ် ရဲဘော်သုံးကျိပ်အား ဂျပန်အမည်များဖြင့် ခေါ်ဝေါ်ခဲ့သည်။ သို့နှင့် သခင်အောင်ဆန်း (အိုမိုတာမွန်ချီ)၊ သခင်ရှုမောင် (တကာစုကီ-စုစုမိ)၊သခင်လှမောင် (ခါကာတာတာချီ) စသည်ဖြင့်သုံးနှုန်းခဲ့ရသည်။
တစ်နေ့တွင် သခင်လှမောင်(ခါကာတာတာချီ)က စိတ်ကူးတစ်ခု တင်ပြခဲ့သည်။ ဂျပန်တွင် ဂျပန်အမည်ဖြင့် စစ်သင်တန်းတက်နေစဉ် မြန်မာပြည်တွင် ကျန်ရစ်ခဲ့သော မိသားစုများ၊ ဆွေမျိုးများ ဒုက္ခရောက်စရာ မရှိကြောင်း၊ မြန်မာပြည်သို့ ချီတက်သည့်အခါ ဂျပန်နာမည်များ မသုံးချင်တော့၍ မြန်မာနာမည်ရင်းများဖြင့် ခေါ်ခဲ့လျှင် မိသားစုများ ဒုက္ခတွေ့နိုင်ကြောင်း၊ ထို့ကြောင့်
မြန်မာပြည်သို့ဝင်သည့်အခါ ရှေးခေတ်က ဘုရင့်နောင်၊ ဗန္ဓုလစသည်ဖြင့် အမည်မျိုးများ မှည့်ခေါ်သုံးစွဲသင့်ကြောင်း အကြံပေးသည်။ ဤနည်းဖြင့် သခင်အောင်ဆန်း (ဗိုလ်တေဇ)၊ သခင်ရှုမောင် (ဗိုလ်နေဝင်း)၊ သခင်လှမောင် (ဗိုလ်ဇေယျ) စသည်ဖြင့် သခင်အမျည်ပျောက်ပြီး ဗိုလ် အမည်များဖြင့် ပြောင်းလဲ ရောက်ရှိလာခဲ့သည်။ ရဲဘော်သုံးကျိပ်အမည်များကို ဘန်ကောက်မြို့ တနွမ်းစပ်ထုံလမ်းရှိ ဘော်နီယိုကုမ္ပဏီဝင်းအတွင်း စတင်ပေးအပ်ခဲ့သည်။
မောင်ကြည်သန့်၏ မြန်မာ့ဖြစ်ရပ်၁၀၀မှ ကောက်နှုတ်တင်ပြသည်။
Credit : PannPwint
ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246
No comments:
Post a Comment