Wednesday, 20 July 2016

Sony ၏ နောက်ဆုံးပေါ်စမတ်ဖုန်းတွင် dual-LED flash နှင့် USB-C port ပါဝင်လာဖွယ်ရှိ



Sony ၏ မျိုးဆက်သစ်စမတ်ဖုန်းဟု ယူဆရသည့် ထုတ်ကုန်တစ်မျိုး၏ ဓာတ်ပုံသည် အွန်လိုင်းတွင် ပေါက်ကြား ထွက်ပေါ်လာခဲ့သည်။

အဆိုပါဖုန်း၏မော်ဒယ်နံပါတ်မှာ F8331 သို့မဟုတ် F8332 ဖြစ်ပြီး ကျောဘက်ကင်မရာတွင် dual-LED အပြင် အားသွင်းခြင်းနှင့် အချက်အလက်လွှဲပြောင်းမှုအတွက် USB-C port လည်း ပါဝင်လာသည်။ အဆိုပါဓာတ်ပုံများသည် GSMArena ဝက်ဘ်ဆိုက်တွင် ကနဦးထွက်ပေါ်လာခဲ့သည်။ ဓာတ်ပုံများအရ ဖုန်း၏ ဒီဇိုင်းမှာ အကြီးအကျယ်ပြောင်းလဲသွားပြီး ထိပ်နှင့် အောက်ဘက် ပြန့်ပြူးကာ ဘယ်ဘက်နှင့်ညာဘက်၌ အနားကွေးဒီဇိုင်း အသုံးပြုထားသည်။

ဖုန်း၏ရှေ့ဘက်တွင် စတူရီယို စပီကာများနှင့် NFC antenna အပြင် ၃.၅ မီလီမီတာ နားကြပ်ပေါက်လည်း ပါဝင်သည်။ F833X မော်ဒယ်စမတ်ဖုန်းများမှာ ယခုနှစ်နှောင်းပိုင်းတွင် ထွက်ရှိလာဖွယ်ရှိကြောင်း သိရသည်။ ၎င်းတွင် 1080p display အပြင် ရှေ့နှင့်ကျောဘက် ကင်မရာများဖြင့် 4K အရည်အသွေးရှိဗီဒီယိုများ ရိုက်ကူးနိုင်သည်။

Ref: AndroidCentral



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment