Thursday, 21 July 2016

နှစ်လအတွင်း Xiaomi Mi Max ၁.၅ သန်း တင်ပို့ရောင်းချခဲ့ရ



မေလက Xiaomi မှ ပွဲထုတ်မိတ်ဆက်ပေးခဲ့သော Mi Max ကို နှစ်လအတွင်း အလုံးရေ ၁.၅ သန်း တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

အရွယ်ကြီးမားသော ၆.၄၄ လက်မ screen ပါဝင်သည့် အဆိုပါဟန်းဆက်ကို တရုတ်နိုင်ငံတွင် flash sale ဖြင့် ရောင်းချရာ ပထမရက်တွင်ပင် မှတ်ပုံတင်သည့်အရေအတွက် ၈ သန်းအထိ ရရှိခဲ့သည်။

Xiaomi သည် ၂၀၁၅ ခုနှစ်တစ်နှစ်လုံးတွင် အရွယ်ကြီးမားသည့် ထုတ်ကုန်အမျိုးအစားတစ်ခုအတွက် အလုံး ၃၀၀,၀၀၀ ခန့်သာ ရောင်းချခဲ့ရသည်။ ယခုအခါတွင်မူ နှစ်လအတွင်း ဟန်းဆက်အလုံးရေ ငါးဆအထိ တိုးမြှင့်ရောင်းချနိုင်ခဲ့သည်။

အထက်ပါအချက်အလက်ကို Xiaomi အမှုဆောင်အရာရှိချုပ် လေဂျွန်က ၎င်း၏ Weibo account တွင်တင်ကာ အတည်ပြုခဲ့သည်။

Ref: GSMArena



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment