Monday, 8 August 2016

Android ထုတ်ကုန် သန်း ၉၀၀ တွင် ‘Quadrooter’ လုံခြုံရေး အားနည်းချက်များရှိဟုဆို

အဆိုပါ အားနည်းချက်များသည် malware ဖြင့် Qualcomm ချစ်ပ်များအသုံးပြုထားသော Android ထုတ်ကုန် ရာပေါင်းများစွာကို ထိုးဖောက်နိုင်ကြောင်း လုံခြုံရေးကုမ္ပဏီ Check Point မှ ထုတ်ဖော်ပြောကြားသွားခဲ့သည်။

Qualcomm ချစ်ပ်အသုံးပြုပြီး တင်ပို့ရောင်းချလျက်ရှိသော Android ဖုန်းနှင့် tablet များတွင် အားနည်းချက်အသစ် ၄ ခု တွေ့ရှိခဲ့သည်။ ထိုအားနည်းချက်ရှိသော ထုတ်ကုန်များကို ဟက်ကာများက လုံးဝ ထိန်းချုပ်မှုပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားနည်းချက်များမှာ “Quadrooter” ဟု အမည်ရပြီး Android ဖုန်းနှင့် tablet သန်း ၉၀၀ ကျော်တွင် ရှိကြောင်း Check Point သုတေသီများက ထုတ်ပြန်ခဲ့သည်။ ဖုန်းကို ထိန်းချုပ်ရန် တိုက်ခိုက်သူအနေဖြင့် သုံးစွဲသူကို အန္တရာယ်ရှိ app အား install ပြုလုပ်ရန် လှည့်စားရမည် ဖြစ်သည်။

ထိုးဖောက်မှု အောင်မြင်သွားပါက တိုက်ခိုက်သူသည် Android ထုတ်ကုန်ကို အပြည့်အဝ ထိန်းချုပ်ရန် root access ရရှိနိုင်ကာ ထုတ်ကုန်၏ ကင်မရာနှင့် မိုက်ကရိုဖုန်းအပါအဝင် hardware နှင့် အချက်အလက်များကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

Google ၏ ကိုယ်ပိုင်အမှတ်တံဆိပ် ထုတ်ကုန်များဖြစ်သော Nexus 5X, Nexus 6 နှင့် Nexus 6P အပြင် Samsung ၏ Galaxy S7 နှင့် S7 Edge ၌လည်း ၎င်းအားနည်းချက်များ ရှိသည်။

ထို့အပြင် မကြာသေးမီက မိတ်ဆက်ခဲ့သော လုံခြုံမှုအရှိဆုံး Android စမတ်ဖုန်း BlackBerry DTEK50 တွင်လည်း ဖော်ပြပါ အားနည်းချက်များအနက် တစ်ခုရှိကြောင်း သိရသည်။

ထိုအားနည်းချက်များအနက် တစ်ခုကို ပြင်ဆင်ပေးမည့် patch ကို စက်တင်ဘာလတွင် ဖြန့်ချိပေးသွားမည်ဟု Google ၏ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။

Ref: CNET


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment