Friday, 5 August 2016

အတိတ်ဆိုတာ



အတိတ်ဆိုတာ တကယ်တော့ ပြီးဆုံးသွားပြီး ပြန်လည်

ပြုပြင်ယူလို့မရတဲ့ အရာတစ်ခုပါ။ ဒီအချက်ကို သေသေ

ချာချာခေါင်းထဲ ထည့်ထားရင် အတိတ်က သင့်ကိုလွှမ်းမိုး

နိုင်တော့ မှာမဟုတ်ပါဘူး။

တစ်ခါတစ်လေ ကျွန်တော်တို့ဘဝရဲ့ အမှားဆုံး အခိုက်

အတန့်တွေကို ပြန်စဉ်းစားမိတတ်ကြတယ်။ အရှက်ရခဲ့

တဲ့ အခိုက်အတန့်တွေကို ပြန်စဉ်းစားမိတိုင်း စိတ်ညစ်

တုန်းပဲ။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီလိုတစ်ခါတစ်ရံ

တော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုMemoryတွေ

ကို အတတ်နိုင်ဆုံးခေါင်းထဲက မောင်းထုတ်လေ့ရှိပါတယ်။

တကယ်တော့ သူတို့က ဘာမှမဟုတ်တဲ့ မိမိခေါင်းထဲမှာ

သာဖြစ်တည်နေတဲ့ အရာတွေပါ။ ဘာမှလည်း လုပ်လို့

ရတော့တာ မဟုတ်ပါဘူး။ လူတိုင်းမှားတတ်ကြတယ်။ 

ကျွန်တော့်ဘဝမှာလည်း မှားခဲ့တာတွေရှိတယ်။ ဒါပေမယ့်

အဲ့ဒါတွေကို သင်ခန်းစာအဖြစ်ယူပြီးရင် ကျွန်တော်မေ့ပစ်

လိုက်လေ့ရှိပါတယ်။ အမှားကြီးကြီးတစ်ခုဟာဈေးကြီးကြီး

ပေးဝယ်ထားရတဲ့ သင်ခန်းစာတစ်ခုပါ။ ဒါပေမယ့် အဲ့ဒီ

အမှားထဲက သင်ခန်းစာယူပြီးရင်တော့ ခဏခဏသတိ

မရနေတော့ပါဘူး။

အချို့ အတိတ်တွေကို အပြီးအပိုင် မလွှင့်ပစ်နိုင်သေးလို့

ရင်ဘတ်ထဲက ထောင့်ကျကျနေရာမှာ ပုံထားတာတော့

ရှိတယ်။ တစ်ခါတစ်လေ ခလုတ်တိုက်မိရုံလောက်ပဲရှိ

ပါတယ်။ တစ်နေ့တော့ အမှိုက်ပုံးထဲထည့်ပစ်မှာပါ။ ဒါက

လည်း အနည်းစုပါ။ အမှိုက်တော်တော်များများတော့

အတတ်နိုင်ဆုံး လွှင့်ပစ်ပြီးပါပြီ။

Credit : ‎မိုးရှင်း‬ (I.M.T) ရေးသားသည်။


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment