Wednesday, 7 September 2016

လျှပ်စစ်မီတာခတွက်ချက်နည်း





အိမ်တိုင်း၊လုပ်ငန်းတိုင်းမှာမရှိမဖြစ်တာကတော့ လျှပ်စစ်မီတာပဲဖြစ်ပါတယ်။လစဉ်လတိုင်း

မီတာစာရွက်လာလျှင် ပုံမှန်Billဆောင်ရသော်လည်း ယူနစ် ၁ ယူနစ်၏တွက်ချက်ခြင်းအားမသိသလို လစ်လျစ်လျူရှု့မိကျမည်မဟုတ်လား…?

**တွက်ချက်နည်း**

လျှပ်စစ်မီးအား 

၁ ယူနစ် kWh (kilowatt hour) ကို၊ 

၁ နာရီလျှင် ဝပ် ၁၀၀၀ ဆိုပြီး

သတ်မှတ်ထားပါသည်။

လျှပ်စစ်မီးပစ္စည်းတိုင်းတွင်

မီးအားစားနှုန်းများပါရှိပါသည်။

(ဥပမာ၊ ၄ ပေ မီးချောင်း - ဝပ် ၄၀၊ လျှပ်စစ်ထမင်းပေါင်းအိုး - ဝပ် ၇၀၀ ၊ စသည်ဖြင့်)

လျှပ်စစ်အား ၁ ယူနစ်တွက်ချက်ရာတွင် အောက်ပါတွက်ချက်နည်းအားအသုံးပြုရပါမည်။

(မီးအားစားနှုန်း/၁၀၀၀ x အသုံးပြုသောအချိန်နာရီ x 

၁ ယူနစ်နှုန်းထား = ကုန်ကျငွေတန်ဖိုး)

ဥပမာ ၁ -

၇၀၀ ဝပ် လျှပ်စစ်ထမင်းပေါင်းအိုးအား 

မိနစ် ၃၀ ခန့်အသုံးပြုလျှင် 

(၇၀၀ ဝပ် x ၀.၅ နာရီ / ၁၀၀၀ x ၃၅ကျပ် = 

၁၂.၂၅ ကျပ်) 

စုစုပေါင်း ၁၂.၂၅ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

ဥပမာ ၂ -

၎ ပေ မီးချောင်း ၄ ချောင်း 

(၄၀ ဝပ် x ၄ = ၁၆၀ ဝပ်)၊ 

၁ ကောင် အဲယားကွန်း ၁ လုံး (၇၅၀ ဝပ်)၊ 

၁၅၀ ဝပ် တီဗွီ ၁ လုံး (၁၅၀ ဝပ်) 

စုစုပေါင်း ၁၀၆၀ ဝပ် အား 

၁ နာရီခန့်အသုံးပြုနေချိန်တွင်

(၁၀၆၀ ဝပ် x ၁ နာရီ / ၁၀၀၀ x ၃၅ကျပ် = ၃၇ ကျပ်) 

စုစုပေါင်း ၃၇ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

Credit- Original Writer

᠌᠌᠌ ᠌᠌᠌


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment