Sunday, 31 January 2016

မရှင်းရင်အစကတစ်ခေါက်ပြန်ဖက်

Ye Moe
အဟက် …
အရင်က ကိုယ့်ဖာသာ နေတယ်…
အခု နောက်ပိုင်း အန်အယ်လ်ဒီ ကို ရေးတယ် ...
ပါးပါးလေး လဲ ရေးတယ် …
ထူထူလေး လဲ ရေးတယ်….

ဘာလို့ လဲ သိလား ….
သောက်မြင်ကပ်လို့  ….

ဘယ်သူ့ ကို သောက်မြင်ကပ်လဲ သိလား….
ကြီးတော်ထက် ....
ကြီးတော်ဘေးက ဆတ်ဆလူးထ နေတဲ့ ကောင်တွေ …
သောက်မြင်ကပ်လို့ ….

ဘာလို့ သောက်မြင်ကပ်လဲ သိလား….
ပြောပြမယ် ….နားထောင်…

၁။ ခင်ဗျားတို့ ကို နည်းနည်းလောက်ဝေဖန်မိရင် ....
ဖွတ်လော်ဘီ ၊ စစ်ခွေး ၊ အဘအောက်ဆွဲ လို့တံဆိပ်ကပ်ပေးပြီး….
များများဝေဖန်ရင် လခစား ရေးပေးနေတဲ့ ကောင်လို့  ....
နာမည် တပ်ကြလွန်းလို့  …

၂။ ဒေါ်အောင် ....... လို့ ဆိုရုံရှိသေး …
လက်ရှိ အစိုးရ ဆီက အခွင့်အရေးတွေ လိုချင်လို့ လား ...
အရိုးအရင်း ကိုက်နေရ လို့  လား….
ခရိုနီတွေ တပည့် မို့ လို့  လား....
ငါတို့ အမေကို ထိပါးရသလား ဆိုပြီး .....
အော်ကြ ..ဟစ်ကြ ...အူကြ ...ကိုက်ကြ ..လွန်းလို့ …

၃။ တည်းခိုခန်းမရတဲ့ ကိစ္စ ...
အခမ်းအနား အဆင်မပြေတဲ့ ကိစ္စ ....
အေးတဲ့ ကိစ္စ .... ပူတဲ့ ကိစ္စ ....
အီးပါတဲ့ ကိစ္စ .... ရူးပေါက်တဲ့ ကိစ္စ .....
တစ်စက်မှ သောက်ရေး မကြီးတာတွေကို ....
ဟိုက ဘာမှမပြောဘဲ .....
မင်းတို့ က ဘေးက ထွန့် ထွန့် လူးနေတာ ....
ရွစိထိုးနေတာ ကြည့်မရလို့ ….

၎။ လူဆိုတာ ဖြတ်သန်းမှုပေါ် မူတည်ပြီး ....
ကိုယ့်အတွေးအခေါ် ... ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် …
ဒါပေမယ့် ....
တစ်ဖက်သား အယူအဆကို ဘယ်တော့မှ လက်မခံ …
ကိုယ့်ပါတီသာ အမှန် …
ကိုယ့်အမေသာ အမှန်…
ငါတို့ အတွေးအခေါ်က အကောင်းစား …
မင်းတို့ အတွေးအခေါ်က သူတောင်းစား….
ငါတို့ ကမှ ဒီမိုကရေစီ ဘက်တော်သား ဆိုပြီး ....
လူတကာကို စော်ကားကြလွန်းလို့ …

၅။ ပြောတော့ ဒီမိုကရေစီ …
လုပ်ရပ်တွေက ကွန်မြူနစ်….
ထစ်ကနဲရှိ လမ်းပေါ်ထွက်မယ်ကွ ...
အသေခံမယ်ကွ …
သန်း ၆၀ ကွ …
လဲ ပြစ်မယ်ကွ …
ခွီး …လိပ်စာ ကြည့်လိုက်ရင် စင်ကာင်္ပူ ..မလေးရှား. …
အဲလို လေကြီးဖင်ကျယ်တွေ ပြောပြောနေတာ ....
အာရုံ နောက်လို့ ….

၆။ တိုင်းရင်းသားတွေ နဲ့ ဖြစ်တဲ့ ပြည်တွင်းစစ်မှာ ....
နှစ်ဖက်လုံးက အပြစ်မကင်းကြဘူး ….
ကိုယ်ဖက်က အမှားရှိသလို …
တိုင်းရင်းသားတွေ ဖက်ကလဲ အများကြီး …
ဖြူးကိစ္စ လိုမျိုး ....
မော်လမြိုင်ရထား ဗုံးခွဲတာမျိုး အထင်ကရ ရှိတယ်…
ယိုးဒယားနဲ့ ပေါင်းပြီး ကိုယ့်ကို ပြန်ဆော်တာတွေလဲ ဗလဗွ …
ရှေ့ တန်းထွက်နေတဲ့  တပ်ရဲ့ နောက်တန်းကို ၀င်စီးပြီး ....
တပ်ရင်းမှူး ဇနီးအပါအ၀င် ရဲမေတွေကို ....
သူတို့ ကလေးတွေ ရှေ့ တင် ....
သုံးလေးရက် စိမ်ပြေနပြေ ...
မုဒိန်းကျင့်သွားတဲ့ ဖြစ်စဉ်တွေလဲ ရှိခဲ့ဖူးတယ်…
တိုင်းရင်းသား နယ်မြေတွေက ...
အရပ်သား အစိုးရ၀န်ထမ်းတွေ သတ်ခံရတာတွေလဲ အများကြီး ...
ကျိုက်ထီးရိုး ဘုရားဖူးတွေကို ၀င် ပစ်သတ်တာလဲ ....
သမိုင်းမှာ အထင်အရှား ….
လခွီး ….လူကဖြင့် လက်တောက်လောက် …
ရန်ကုန် မန်းလေး အပြင် ရောက်ဖူးတာက လမ်းထိပ် …
ပြောတော့ တိုင်းရင်းသားနယ်မြေတွေမှာ ....
စစ်တပ်က သွားပြီး အနိုင်ကျင့်နေကြတာ….
အဲလို လေဖမ်းဒန်းစီး …ပါးစပ် အီးပေါက်….
ကြည့်လိုက်ရင် ဒီ ဒေါင်းရုပ်နဲ့  အကောင့်တွေချည်းပဲ ….
ကြာတော့ .....
သောက်ခွက်ကို ဖိနပ်နဲ့ ဆောင့်ကန် ချင်လာလွန်းလို့ ...

၇။ တိုင်းပြည်တစ်ပြည်မှာ ....
ပြည်ထောင်စု မပြိုကွဲဖို့ ပထမ …
တည်ငြိမ်မှု ရှိဖို့  …ပထမ …
လူ့ အခွင့်အရေးက သောက်ရမ်း အရေးကြီးတယ် ….
ဒီမိုကရေစီရေးက သောက်ရမ်း အရေးကြီးတယ်ဆိုရင် …
မင်းတို့ ကောင်တွေ .....
ရှမ်းနီတွေ ဖမ်းခံထားရတဲ့ ကိစ္စ …
လိုင်ဇာမှာ ဆန္ဒပြရဲလား….?
ကေအန်ယူက အခွန်ကောက်နေ …မှောင်ခိုလုပ်နေတာ ...
တိုင်းပြည် စီးပွားရေး ထိခိုက်ပါတယ် ....
တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပါတယ်ဆိုပြီး ....
သူတို့ နယ်မြေ မှာ ....
ခေါင်း ... တက်တူး ထိုးပြီး ဆန္ဒပြရဲလား….?
အရပ်သား အစိုးရ ဖြစ်လာမှ ….
သူတို့ ရသလောက် စွမ်းသလောက်လေး လုပ်နေမှ .....
ထပြီး ပုဆိုးတွေ ခါးတောင်းကျိုက် ….
လက်ခမောင်းတွေခတ် ....
ယော်ကျားဘသား …
တို့ လူလေးများ ဆိုသလေး….
ညီစေနော်…ညီတယ်နော် ….
လခွီးပဲ …
အဲလို သောက်ကဲပိုနေတာတွေကို ကို ကြည့်မရလို့ ….

၈။ မြစ်ဆုံ ....ကျောက်ဖြူ ...
ထားဝယ်ဆိပ်ကမ်း ... ပြည်တွင်းစစ် ....
အာဆီယံ ဖရီးထရိတ် .... ခရိုနီ ....
ခြစားမှု .... လူ့ အရင်းအမြစ် …
ဘယ်ကောင်မှ ဟတ်ချလောင်း ဆိုပြီး ချက်ချင်း မလုပ်နိုင်ဘူး …
အေး မင်းတို့ အမေလင် တက်လဲ ..
ဒီလိုပဲ ထိန်းထိန်းသိမ်းသိမ်း သွားရမှာ ….
အစိုးရ အဆက်ဆက် ဖြေးဖြေးချင်း လုပ်သွားရမှာ ….
အခုက ငါတို့ အမေတက်ရင် ....
ဆီကိုရေချိုး ....
ဆေးရိုးမီးလှုံ ....
စပါးတောင်လိုပုံ ဖြစ်ပြီ လုပ်နေတာ ....
သောက်မြင်ကပ်လို့ ….

၉။ မင်းရေးတာ ရင့်လှချည်လားကွ…
အေး ..ဟုတ်တယ် ...
ခပ်ရင့်ရင့် ရေးမှ ....
မင်းတို့ ကို ဘယ်အချက်တွေ ....
လူ သောက်မြင်ကပ် နေကြတယ် ဆိုတာ သိမှာမို့ လို့ …
ရှင်းလား…..
မရှင်းရင် အစက တစ်ခေါက်ပြန်ဖတ် …
ဒါပဲ …။

( သောက်မြင်ကပ်လို့  ဖဲ့ တဲ့  ရဲမိုး )

No comments:

Post a Comment