Sunday, 31 January 2016

လူငယ်တွေအွန်လိုင်းမှာပဲအချိန်ဖြုန်းနေတယ်ဆို

လွှတ်တော်အမတ်တစ်ချို့ ....
လွှတ်တော်ထဲ ဖုန်းခိုးပွတ်တာဟာ ...
အထူးအဆန်းမဟုတ် ...

အရင်ကလဲ ခိုးပွတ်တယ် ...
အခုလဲ ခိုးပွတ်တဲ့ သူ ရှိတယ် ...
နောက်လဲ ခိုးပွတ်ကြအုန်းမှာပဲ ...

ဒါဆို အမတ်တစ်ချို့  ...
အိပ်ငိုက်တဲ့ ကိစ္စပြောရအောင် ....

ဒါလဲ အထူးအဆန်းမဟုတ် ....
အရင်ကလဲ ငိုက်ကြတယ် ...
အခုလဲ ငိုက်ကြမှာ ...
နောင်လဲ ငိုက်တဲ့ သူတွေ ရှိအုန်းမှာပဲ ....

ကျန်တဲ့ ကိစ္စတွေလဲ ....
ထိုနည်းလည်းကောင်းပဲ ....
လွှတ်တော်အမတ်ဆိုတာ ...
လူသား ပုထုဇဉ် မဟုတ်လား ....

ဒါဆို ဘာက ထူးဆန်းလဲ .... ပြောကြည့်
သိချင်လား ....
ပြောပြမယ် နားထောင် ....
  

ပြည်ခိုင်ဖြိုးက အမတ်ပဲ ဖုန်းခိုးပွတ်တာ ...
NLD အမတ်က ဖုန်းခိုးမပွတ်ဘူး ...
ထင်တဲ့ စိတ်က ထူးဆန်းတာ .....

ဖွတ်အမတ်တွေပဲ အိပ်ငိုက်တာ ...
ဌက်အမတ်တွေက အိပ်မငိုက်တတ်ဘူး ...
ထင်တဲ့ စိတ်က ထူးဆန်းနေတာ ....
မယုံမရှိနဲ့  ....
သဘာဝကျကျ စဉ်းစားကြည့် ...
 

အိပ်ငိုက်တာ ဖုန်းပွတ်တာ ....
မထူးဆန်းရင် ဘာလို့ ဝိုင်းဆဲလဲ ....

ဆဲမှာပေါ့ ....
ကိုယ့်အလှည့်တုန်းက ...
သူများကို ခွဆဲခဲ့တာကိုး ....
အခု သူ့ အလှည့်ကျတော့ ....
ကိုယ့်ကို ပြန်ဆဲတာပေါ့ ....
ဒါ သဘာဝ တရားပဲ မဟုတ်လား ...
  

အခုမှ အစပဲ ရှိသေးတယ် ကိုယ့်လူတို့  ...
တရား နဲ့ သာ ဖြေပေတော့ ....
  
Like
ရဲမိုး

No comments:

Post a Comment