Monday, 8 February 2016

သမ္မတကြီးဦးသိန်းစိန်

မင်္ဂလာပါ

***  ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ  ***

သူ့လိုလူ နောက်ထပ် မရှိနိုင်တော့ပြီ

သမ္မတအဖြစ် နောက်ဆုံးရတဲ့လစာ သိန်း၅၀ကို
သာသနာရေးအတွက် အကုန်လှူသွားတဲ့သူ

စစ်သားဘဝ အငြိမ်းစားရတဲ့
ပင်စင်လစာကို ရာသက်ပန် သံဃာတော်တွေကို
ထောက်ပံ့လှူဒါန်းသွားတဲ့သူ

နိုင်ငံတော်က ချပေးတဲ့ မြေကွက်ကလေးကို
ရောင်းချပြီး အမျိုးဘာသာ သာသနာအတွက်
ကျောင်းဆောက်လှူဒါန်းပြီး အလှူ့ရှင်အဖြစ်
နာမည်မတပ်ဖို့ အတန်တန် မှာကြားတဲ့သူ

ဝန်ထမ်းဘဝ ရတဲ့လစာလေးနဲ့
ဂုဏ်ပကာသနမပါ မုန့်ဟင်းခါးဆိုင်လေးဖွင့်ပြီး
ရောင်းရဲတင်းတိမ်နိုင်ဖို့ အသိပေးခဲ့တဲ့သူ

သမ္မတဖြစ်ခဲ့တာတောင်
အကိုအရင်းနဲ့ ဆွေမျိုးတွေကို
ထောက်ပံ့ကူညီခြင်း မရှိတဲ့အပြင်
ငါ့နိုင်ငံအတွက် ငါအလုပ်လုပ်တယ်
ငါ့ ဆွေမျိုးသားချင်း ကောင်းစားရေးအတွက်
ငါ ဘယ်တော့မှ မလုပ်ဖူးလို့ ပြောသွားတဲ့သူ

ငါဟာတချိန်က သမ္မတဖြစ်ခဲ့ပေမယ့်
ငါ့ဘဝကိုငါ သာမာန်လူတန်းစားလိုပဲ
ပျော်ရွှင်စွာ ဖြတ်သန်းမယ်လို့ ပြောသွားတဲ့သူ

ဒီလိုလူမျိုး နောင် ဘယ်တော့မှ
မရနိုင်တော့ဘူး

သမ္မတကြီး ကျန်းမာချမ်းသာစွာနဲ့
အသက်ရာကျော် ရှည်ပါစေ . . .

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး ( နည်းပညာ )

No comments:

Post a Comment