Saturday, 19 March 2016

ရှေ့ဘက် ကင်မရာ 16-Megapixel အထိပါဝင်တဲ့ Oppo R9 နဲ့ R9 Plus ဖုန်းအသစ်နှစ်မျိုး ထွက်ရှိ

စမတ်ဖုန်း ရှေ့ဘက်ကင်မရာကို 16-Megapixel အထိထောက်ပံ့ပေးထား တဲ့

Oppo R9 နဲ့ R9 Plus တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်တယ်လို့ GSM ARANA မှာဖော်ပြထားရှိပါတယ်။

တရုတ်နိုင်ငံအခြေစိုက် Oppo အနေနဲ့ ရှေ့ဘက် ကင်မရာဦးစားပေးစမတ်ဖုန်းအသစ်နှစ်မျိုးဖြစ်တဲ့ R9 နဲ့ R9 Plus မှာ ကိုမိတ်ဆက်ရောင်းချရာမှာ အဓိက ကင်မရာဖြစ်တဲ့ အနောက်ဘက်ကင်မရာ ကိုတော့ 13-Megapixel သာထောက်ပံ့ပေးထားပါတယ်။

Oppo R9 ဖုန်းက မျက်နှာပြင်အကျယ် ၅.၅ လက်မရှိပြီး၊ Oppo R9 Plus ဖုန်းကတော့ မျက်နှာပြင်အကျယ် ၆ လက်မအထိရှိပါတယ်။၊ ရုပ်ထွက်ကြည်လင်ပြတ်သားမှု အရည်အသွေးအတွက် ဖုန်းနှစ်လုံးမှာ full-HD (1080×1920 pixels)ထောက်ပံ့ထားပြီး  Amoled display တွေနဲ့ ပွဲထွက်လာတာပါ။ထူးခြားချက်အနေနဲ့ Fingerprint အာရုံခံ လက်ဗွေရာစနစ် ပါဝင်လာပြီး၊ Xiaomi Mi5 ဖုန်းနဲ့ Samsung S7 ဖုန်းတွေ လိုပဲ လက်ဗွေရာဖတ်စနစ် က ဖုန်းမျက်နှာပြင်အပေါ်က Home ခလုတ်အောက်မှာထည့်သွင်းထားပါတယ်။Android 5.1.1 Lollipop၊Bluetooth Version 4.0 ၊RAM 4GB၊Built In Memory 64 GB ထောက်ပံ့ပေးထားတဲ့ ဒီဖုန်းနှစ်မျိုးကို တရုတ်နိုင်ငံမှာ စတင်ရောင်းချနေပါတယ်။ Oppo R9 ကို အမေရိကန်ဒေါ်လာ၄၃၀နဲ့လည်းကောင်း Oppo R9 Plus ကိုအမေရိကန်ဒေါ်လာ၅၁၀နဲ့လည်းကောင်းအသီးသီးရောင်းချနေတာပါ။







credit-နည်းပညာ



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment