Saturday, 19 March 2016

ဘဝအတွက်အသိပညာ






လှေမြုပ်ရတဲ့အကြောင်းအရင်းက လှေဘေးပတ်လည်မှာရှိနေတဲ့

ရေတွေကြောင့်မဟုတ်ပါဘူး 

ဒါပေမဲ့ လှေထဲကိုစိမ့်ဝင်လာတဲ့ 

ရေတွေ ကြောင့်မြုပ်ရတာပါ


ထို့အတူပါပဲ 

ကျွန်တော်တို့တွေဟာလည်း

မကောင်းတဲ့ အကြောင်းအရာတွေ

မကောင်းတဲ့ သတင်းတွေကို 

သွားပြီးတော့ နှစ်သက်စွဲလမ်းနေတတ်ကြပါ

တကယ်တမ်းဆို အဲ့အရာတွေကို မကြည့်မစွဲလမ်း

မကြိုက်နှစ်သက်ပဲ နေလိုလဲ ရနေတာပဲဟာ


ကျွန်တော်တို့တွေကိုယ်တိုင်ပေပဲ မဟုတ်ဘူးလား

အပြုသဘောမဆောင်တဲ့ အတွေးမျိုးရှိတဲ့သူတွေ နဲ့သွားရောက်ပေါင်းသင်းနေမိပြီး သာမာန်လူအုပ်စုတွေထဲမှာပဲ နေထိုင်နေပြီး 

သူတစ်ပါးကိုအတင်းအဖျင်းပြော မနာလိုတွေ ဖြစ်

တစ်ပါးသူကို ထိခိုက်နှစ်နာစေနေတော့တာ 

ကျွန်တော်တို့ကိုယ်တိုင်ပဲမဟုတ်ပေဘူးလား


မကောင်းမြင်ပြီး မကောင်းတဲ့အတွေးအခေါ်တွေ သွားတွေးနေခဲ့ တော့တာ

တကယ်တမ်းကို ကိုယ်တိုင်က

အဲ့ဒီနေရာပတ်ဝန်းကျင်ကနေရုန်းထွက်လာလို့လဲရ မိတ်ဆွေသစ်တွေတည်ဆောက်mastermind အုပ်စုသစ်တွေ တည်ဆောက်လို့ ရနေသေးတာပဲမဟုတ်လား


အကယ်လို့ ကိုယ့်ဘဝက ဆိုးတယ် 

ကိုယ့်ဘဝက အောက်ကျတယ် နေသေးတယ်ဆိုရင် ဘာကြောင့်လဲဆိုတော့ 

ကိုယ်ကိုတိုင်ကိုက အဲ့ဒီမကောင်းတဲ့အရာတွေ အတွေးအခေါ်တွေကို ခွင့်ပြု လက်ခံခဲ့ ကြလို့လား

လှေပေါက်တာကိုမဖာထေးတဲ့အပြင်လှေထဲကိုရေတွေ ခပ်သွင်းနေလိုက်တတ်ကြပါသေးတယ်


နောက်ဆုံးတော့လှေကလဲမြုတ်ရော

ဒါကြောင့်မို့ ဘဝထဲကို အကျင့်ဇရိုက်ဆိုးတွေ ဝင်လာဖို့ ခွင့်မပြုလိုက်ပါနဲ့

ကိုယ့်ဘေးပတ်လည်မှာရှိနေတဲ့ ရေတွေက ကိုယ့်လှေကိုမြုတ်အောင် မလုပ်နိုင်ပါဘူး 

ကိုယ်ကသာခွင့်မပြုဘူးဆိုရင်ပေါ့။


Credit;သင်သိရင် သင်ချမ်းသာလိမ့်မယ်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment