Wednesday, 16 March 2016

စကားပြောချင်းဖြင့်မိတ်ဆွေတွေရဖို့

စကားတစ်ခွန်းကြောင့်ပဲ မိတ်ဆွေတွေရလာနိုင်သလို.. အဲဒီ့စကားတွေကြောင့်ပဲ 

မိတ်ပျက်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ စကားလေးတွေပြောရင်း

မိတ်ဆွေလေးတွေရအောင် ဖန်တီးမယ်ဆိုရင်တော့ သင့်အတွက် ကောင်းကျိုး

တွေ ဖြစ်လာစေမှာပါ။


၁။ ရင်းနှီးတဲ့စကားများ

လူတစ်ယောက်နဲ့ စကားပြောတဲ့အခါမှာ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ပုံစံမျိုးနဲ့သာ 

ပြောသင့်ပါတယ်။ (အထူးသဖြင့် သူစိမ်းတစ်ယောက်နဲ့ တွေ့တဲ့အခါမှာပေါ့) 

ကိုယ့်စိတ်ထဲမှာ စိမ်းနေသေးရင်တောင် ကိုယ့်ဘက်က ရင်းနှီးဖော်ရွေမှုတွေ 

ပြသင့်ပါတယ်။ သူ့ဘက်က သူစိမ်းဆန်မှုတွေကို ကိုယ့်ရဲ့ ရင်းနှီးမှုတွေနဲ့ ဖုံး

လွှမ်းရပါမယ်။ ဒါဆိုရင် စကားဝိုင်းမှာ ကိုယ်ကတောင် သူ့ကိုဦးဆောင်နိုင်တဲ့

သူ ဖြစ်လာပါလိမ့်မယ်။


၂။ ဟန်ဆောင်မှုတွေ ဖြိုခွဲလိုက်ပါ

ဟန်ဆောင်မှုတွေဟာ လူတွေနဲ့ဆက်ဆံတဲ့အခါ ရင်းနှီးမှုတွေနဲ့ ဝေးစေပါတယ်။ 

လူတွေနဲ့ရင်းနှီးချင်ရင် ဟန်ဆောင်မှုတွေကို ဖယ်ချလိုက်ပါ။ သင့်ကိုများ အထင်

သေးသွားမလား၊ တစ်မျိုးထင်သွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေဟာ သင့်ကို 

ဟန်လုပ်ချင်စိတ်တွေ ဖြစ်လာစေပါတယ်။ သင် ယုံကြည်ထားရမှာက သင့်ရဲ့

ပွင့်လင်းမှုကြောင့်သာ တစ်ဖက်သားက သင့်ကိုခင်မင်မှာဖြစ်တယ်ဆိုတဲ့အချက်ပါ

ပဲ။ (ဘယ်လောက်ပဲ ပွင့်လင်းတယ်ဖြစ်ဖြစ် အခြေခံလူမှုရေးစည်းကမ်းတွေကို

တော့ မဖောက်ဖျက်ဖို့ လိုပါမယ်။)


၃။ များများနားထောင်

သူ့ရဲ့ ခင်မင်မှုကိုလိုချင်ရင်တော့ သူ့စကားတွေကို များများနားထောင်ပေးပါ။ 

သူက စကားနည်းတဲ့သူဆိုရင်တော့ သူ့ဆီက စကားတွေထွက်လာအောင် 

ကိုယ့်ဘက်က ဦးတည်ပေးပါ။ ကိုယ့်ဘက်ကချည်း စကားတွေလှိမ့်များနေ

မယ်ဆိုရင်တော့ သူ့ဆီက ခင်မင်မှုကိုရဖို့ သိပ်မမျှော်လင့်ပါနဲ့တော့။


၎။ နှစ်ဖက်စွန်းမှာမနေနဲ့

ပြောဆိုဆက်ဆံတဲ့နေရာမှာ သူ့အကြိုက်ချည်းပဲလဲ လိုက်ပြောစရာမလိုဘူး။ 

ကိုယ့်အကြိုက်ချည်းပဲလည်း ပြောနေလို့ မရဘူး။ တစ်ယောက်နဲ့တစ်ယောက် 

နားလည်မှုရှိအောင် စကားဝိုင်းကိုပြောဆိုသင့်ပါတယ်။ ဒါမှလည်းပဲ 

သင်တို့နှစ်ယောက်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိလာနိုင်မှာ 

ဖြစ်ပါတယ်။ အပြန်အလှန်ရှိပါစေ မိတ်ဆွေနှစ်ယောက်အဖြစ် စကားပြောတဲ့

အခါမှာ အပြန်အလှန်စကားဝိုင်းမျိုးပဲ ဖြစ်သင့်ပါတယ်။ တစ်ခါတစ်လေမှာ 

သင့်ရဲ့ခံစားချက်တွေကို ပြောပြသင့်သလို၊ တစ်ခါတစ်လေမှာတော့ 

သူ့ရဲ့ခံစားချက်တွေကို နားထောင်သင့်ပါတယ်။


Credit - ရွှေညာမောင်(pyittinehtaung.com)





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment