Wednesday, 16 March 2016

လူ / လောက / ကမ္ဘာနဲ့ ငါ

မင်္ဂလာပါ

မျှော်လင့်ချက်ကို

ထင်းစိုက်ချင်တဲ့သူတွေကြားထဲ

နေရတာ

ငါ့အတွက်တော့

မီးခိုးစော်နံတယ်။

ရွာမယ်ဆို

မဲပစ်တတ်တဲ့

တိမ်ဖြူတွေကို

ငါ...လူတွေထက်

ပိုပြီး သဘောကျတယ်။

ရိုးသားခြင်းကို

ရေလဲ... ပုဆိုးလို

ဝတ်ဆင်ပြီး....

စေတနာတွေကို

လက်နှီးစုပ်တစ်ခုလို

ကိုင်တွယ်တတ်တဲ့…

ခင်ဗျားတို့....

လူသားတွေ....

သွားတိုက်ပြီး

အာပုပ်စော်နံခဲ့ကြပြီ။

ပကာသန

အခြွေအရံ.....မာနတိုနဲ့

စစ်ခင်း ..

အတ္တတို့ကို

လူဂုဏ်တန်တွ

သူတောင်းစားခွက်ထဲ

ထိုးအပ်လို့ …

မျက်ရည်...တစ်ခွက်ကို

ထမင်းရည်.....တစ်စက်နဲ့

လှောင်ပြောင်...ရယ်မောခဲ့ကြတယ်။

ရှိစေတော့လောကကြီး …

မင်းလဲ

မုဆိုးနားနီးလို့ ..မုဆိုးဖြစ်ခဲ့လေပြီပဲ

ချိတ်မှာ ..ငါးအစာတတ်လို့

ကိုယ့်အမြီးကိုယ်ပြန်မျှားနေတဲ့

ကမ္ဘာကြီးကိုလဲ  ပြောလိုက်ပါ

ငါ… ရုပ်ကလပ်ထားပြီး

ခရီးထွက်သွားတယ်လို့။ ။

Credit - သက်ထွေး

အဆင်ပြေပါစေ

No comments:

Post a Comment