++++++
ဘ၀ဆိုတာ တိုက်ပွဲမဟုတ်တဲ့အတွက်
အနိုင်အရူံးကို သိပ်ပြီးအလေးမပေးသင့်သလို
ပြိုင်ပွဲလည်းမဟုတ်လေတော့…
အဆင့် ဆိုတာမျိုးလည်း သိပ်အရေးမစိုက်သင့်ပါဘူး။
လူလူချင်းဆိုတာ….
နားလည်မူ နည်းနည်း ပိုလာရင် အထင်လွှဲမူ နည်းနည်း လျှော့နည်းသွားမှာဖြစ်သလို
ခွင့်လွတ်မူ နည်းနည်း ပိုလာရင် စိတ်ရူတ်ထွေးမူ နည်းနည်း ကျဆင်းသွားမှာပဲ။
ကိုယ့်ရဲ့ အမြင် ကိုယ့်ရဲ့ အသိ နဲ့
သူတစ်ပါးကို ဖြစ်ဖြစ် ၊ ကိစ္စ တစ်ခုကို ဖြစ်ဖြစ်
မှန်တယ် မှားတယ် ဆိုပြီး အလျင်စလို သွားမဆုံး ဖြတ်ပါနှင့်။
သူများတကာ ကိုယ့်နဲ့ အမြင်ချင်း ၊ ယုံကြည်မူချင်းတူအောင်
ဘယ်တော့မှ သွားမ တောင်းဆိုပါနှင့်။
နားလည်သင့်တယ်ဆိုတဲ့ အယူအဆမျိုးနဲ့
ဘယ်တော့မှ သူများကို သွားမမျှော်လင့်ပါနှင့်။
လူတိုင်းလူတိုင်း သူ့အမြင်နဲ့ သူ့အတွေးနဲ့ ရှိကြပါတယ်။
သူများကို ကွယ်ရာမှာ မဝေဖန်ပါနှင့်
သူများဝေဖန်မည်ကိုလည်း ဘယ်တော့မှ မစိုးရမ်ပါနှင့်။
အလကားအသုံးမကျတဲ့လူကို ဘယ်သူ့မှမဝေဖန်ချင်သလို
ထူးချွန်လေ အဝေဖန်ခံရလေ ဆိုတာ ဓမ္မတာပါပဲ။
သူများရဲ့ အထက်မှာရှိတဲ့အချိန်မှာ သူများကို လူလိုထင်သင့်သလို…
သူများအောက်ကို ရောက်နေတဲ့ အခါကျတော့ ကိုယ့်ကိုကို လူလိုထင်သင့်ပါတယ်။
ဘ၀ဆိုတာ ခရီးသွားခြင်းနဲ့ တူတတ်ပါတယ်။
ရလဒ်သည် ပန်းတိုင်မဖြစ်သင့်ပါ။
ခရီးစဉ်ကိုသာ အာရုံပြု ခံစားနိုင်ကြပါစေ။
ခရီးစဉ် တစ်လျှောက် ပင်ပန်းဆင်းရဲတယ် ဆိုပေမဲ့
လမ်းဘေးက လှပတဲ့ရူ့ခင်းတွေကိုတော့ ခံစားတတ်ဖို့
ဘယ်တော့မှ မမေ့သင့်ပါကြောင်း……။
Credit: Sya Aung Ko Latt
အောင်မြင့်မြတ်(Myanmar Youths)
Labels
- ကဗျာ (71)
- ကျန်းမာရေးဗဟုသုတ (158)
- ချစ်မှုရေးရာ (45)
- စာအုပ်စင် (14)
- နည်းပညာ (223)
- ပညာပေး သင်ခန်းစာ (3)
- ပညာရေး (6)
- ဗဟုသုတ (242)
- ဘာသာရေး (2)
- ဝတ္ထုတို (36)
- ဟာသ (117)
- အလှအပရေးရာ (1)
- ဆောင်းပါးများ (111)
- ပြည်ခိုင်ဖြိုး သတင်း (4)
Tuesday, 15 March 2016
ဘဝခရီးလမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment