အူရီဒူးမှ အရည်အသွေးမြင့်မားသော
3G စမတ်ဖုန်းများအား အသက်သာဆုံးဈေးနှုန်း
ဖြင့် စတင်ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း
သိရသည်။ ဈေးကွက်အတွင်း 3G စမတ်ဖုန်း
တို့ကို ဈေးသက် သက်သာသာနှင့်ဝယ်ယူနိုင်ခြင်း
မရှိ၍ အသုံးပြုမည့်သူတို့အနေဖြင့် စမတ်ဖုန်း
ဝယ်ရန်စဉ်းစားနေရ သည်။ အူရီးဒူးမြန်မာ
အနေဖြင့် အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန်
အရည်အသွေးမြင့် 3G စမတ် ဖုန်းတို့ကို
အသက်သာဆုံးဈေးနှုန်းဖြင့် စတင်ရောင်း
ချပေးနေပြီဖြစ်သည်။
လှပသောဒီဇိုင်း၊ မြင့်မားသောစွမ်းဆောင်
မှုများနှင့်အတူ Smart 9 နှင့် Smart 10 အမည်ရှိ
3G စမတ်ဖုန်းအမျိုးအစား နှစ်မျိုးအား အူရီဒူးမှ
မြန်မာပြည်သူတို့အတွက် ပထမဦးဆုံး
မိတ်ဆက်လိုက် သည့် မြန်မာငွေ ၃၀,၀၀၀
(သုံးသောင်း)ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကာ
စမတ်ဖုန်းဈေးကွက်အတွက် အံ့အားသင့်စရာ အသက်သာဆုံးဈေးနှုန်းလည်းဖြစ်သည်။
ဖုန်းမျက်နှာပြင်အရွယ်အစားမှာ ၄ လက်မဖြစ်ပြီး
ဆင်း(မ်)ကဒ် ၂ ကဒ် တပြိုင်နက်ထည့်သွင်း
အသုံးပြုနိုင်မည်ဖြစ်သည်။ အမြန်ဆန်ဆုံး
အင်တာနက်ဖြင့် Facebook ၊ Viber နှင့် Youtube တို့ကိုအသုံးပြုနိုင်မည်ဖြစ်ကြောင်းလဲသိရသည်။
အူရီဒူး စမတ်ဖုန်းတွင် တုံ့ပြန်မှုမြန်ဆန်သည့်ထိတွေ့
မျက်နှာပြင်ပါရှိခြင်း၊ အရည်အသွေးမြင့်
ရှေ့/ နောက် ကင်မရာ ပါဝင်ခြင်း၊
အက်ပလီကေးရှင်းတို့ကို အလွယ်တကူရယူနိုင်ခြင်း
၊ အင်တာနက် လိုင်းဆွဲအား ကောင်းခြင်း စသည်ဖြင့်
စွမ်းဆောင်ရည်အမြင့်တို့ကိုပေးစွမ်းနိုင်သည်။
ယင်းစမတ်ဖုန်း တို့အတွက် ၁ နှစ်အာမခံ
ရရှိနိုင်မည်ဖြစ်သည်။ ထို့ ပြင် ပို၍ဈေး
သက်သာသော 3G စမတ်ဖုန်းကို အသုံးပြု
လိုလျှင် အူရီဒူးမှ ထပ်မံမိတ်ဆက်ထားပြီးဖြစ်သော
(G9) 3G စမတ်ဖုန်းအား မြန်မာကျပ်ငွေ ၂၀၀၀၀
(နှစ်သောင်း) သာ အသုံးပြုရုံဖြင့် ၀ယ်ယူနိုင်မည်ဖြစ်သည်။
G9 စမတ်ဖုန်းတွင်လည်း ဆင်း(မ်)ကဒ် ၂ ကဒ်
တပြိုင်နက်ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး
၂.၄ လက်မ ထိတွေ့ မျက်နှာ ပြင်ပါရှိ ပြီး ၁ နှစ်
အာမခံရရှိမည်ဖြစ်သည်။ ဓာတ်ပုံများကိုကြည်ကြည်လင်လင်ပြတ်ပြတ်သားသား ရိုက်ကူး
နိုင်ရုံမက မြန်ဆန်သည့် အင်တာနက်ကိုလည်း
ရယူခံစားနိုင်မည်ဖြစ်သည်။ G9အနေဖြင့်
ချောမွတ် တောက်ပြောင်သည့်ကိုယ်ထည် ရှိပြီး ဖုန်းအရောင်မှာ ရွှေရောင်ဖြစ်သည်။
အူရီဒူးမြန်မာ၏အမှုဆောင်အရာရှိချုပ်
Mr. Rene Meza "အရည်အသွေးမြင့် 3G စမတ်ဖုန်း
တွေကို သုံးစွဲသူတွေလက်ထဲ ဈေးသက်သက်
သာသာနဲ့ အခုလိုထည့်ပေးနိုင်တဲ့အတွက်
အင်မတန်ဝမ်းသာတာပါ။ ကျွန်တော်တို့ဖက်က သုံးစွဲသူတွေအပေါ် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အခုလို မိုဘိုင်းထုတ်ကုန် တွေနဲ့အတူ အကောင်းဆုံး
ဝန်ဆောင်မှုတွေကို ဆက်လက်ပေးအပ်
သွားဦးမှာပါ”ဟုပြောကြားခဲ့သည်။
credit- ကောင်းမြတ်ရာ
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment