အဖြူရောင် စက္ကူ..
========
မွေးဖွားကာစမှာ အားလုံးဟာ သန့်ရှင်းစင်ကြယ်နေတဲ့အဖြူရောင်စက္ကူတွေချည်းပါပဲ။ လောကကြီးရဲ့မာယာတွေ၊ ရက်စက်မှုတွေ၊
လှည့်စားမှုတွေ၊ မုသားတွေ အပါအဝင် သာယာစရာပျော်ရွှင်မှုတွေ၊ ယစ်မူးစရာ အောင်မြင်မှုတွေ။ဘာဆိုဘာမှကို နားမလည်ခဲ့ကြသေးဘူး။
.
တစ်နေ့တစ်နေ့နဲ့ နေ့ရက်ပေါင်းများစွာဖြတ်သန်းပြီးတဲ့အခါ အဖြူရောင်စက္ကူဟာလောကကြီးအတွက် ဘာမှအသုံးမဝင်ဘူးဆိုတဲ့အသိကို ရိုက်ထည့်လိုက်ကြတယ်။ အရောင်အသွေးစုံလင်တဲ့ ပန်းချီကားချပ်တွေဟာလောကြီးရဲ့အလှတရားအစစ်လို့သတ်မှတ်လိုက်ကြတယ်။ သူတို့အားလုံးတပြေးညီသတ်မှတ်ထားတဲ့အလှတရားတစ်ခုကိုရဖို့အတွက်ကိုယ့်ရဲ့အဖြူရောင်စက္ကူပေါ်မှာ ဆေးရောင်တွေအသီးသီးရေးခြယ်ဖို့ ကြိုးစားလာတယ်။ကိုယ့်လက်နဲ့ရေးတဲ့ ဆေးရောင်တွေ၊ ပတ်ဝန်းကျင်ကဆိုးတဲ့ ဆေးရောင်တွေ။ ဟိုတစ်စ၊ ဒီတစ်စနဲ့ပေါ့။
.
တစ်ချို့သူတွေရဲ့ စက္ကူဟာ တစ်နေ့တစ်ခြားရုပ်လုံးကြွလာတယ်။ တစ်ချို့ စက္ကူတွေကတော့အရောင်တွေ ဗလပွနဲ့။ သူတို့ကပဲသတ်မှတ်လိုက်ကြတယ်။ ဒီလူ့စက္ကူကလှတယ်(အောင်မြင်တယ်ပေါ့)။ ဟိုလူ့စက္ကူက ရုပ်ဆိုးတယ်(ကျရှုံးတယ်ပေါ့)။ တကယ်တော့ အားလုံးဟာအရောင်မပါတဲ့ စက္ကူဖြူတစ်ရွက်ကနေပဲဖြစ်လာတာပါ။ ကိုယ်ပိုင်ဆိုင်တဲ့ စက္ကူလေးအရောင်အသွေးစုံစုံနဲ့ လှပဖို့ကျ စုတ်တံဟာကိုယ့်လက်ထဲမှာပဲ ရှိပါတယ်။
.
သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ပန်းချီကားတစ်ချပ်ဟာလည်း အဖြူရောင်စက္ကူဘဝကလာတာပါ။ လမ်းဘေးက ပန်းချီကားတစ်ချပ်ကလည်းအဖြူရောင် စက္ကူဘဝက လာတာပါပဲ။ကိုယ်ပိုင်ဆိုင်တဲ့ စက္ကူဖြူလေးတစ်ရွက်အရောင်အသွေးစုံဖို့၊ အညစ်အကြေးတွေမစွန်းထင်းဖို့က ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။လူတိုင်းတန်ဖိုးထားရတဲ့ ပြခန်းထဲမှာ ချိတ်ဆွဲခံမလား။လမ်းဘေးမှာ ချိတ်ဆွဲခံမလားဆိုတာကကိုယ်ရေးဆွဲတဲ့ ပေါ်မှာပဲ မူတည်ပါတယ်။ အားလုံးဟာတစ်ချိန်တုန်းကတော့ အဖြူရောင်စက္ကူလေးတွေပါပဲ။
___________
ရွှေညာမောင် (Focus Youth)
Credit: Focus Youth E-Magazine
အောင်မြင့်မြတ်(Myanmar Youths)
Labels
- ကဗျာ (71)
- ကျန်းမာရေးဗဟုသုတ (158)
- ချစ်မှုရေးရာ (45)
- စာအုပ်စင် (14)
- နည်းပညာ (223)
- ပညာပေး သင်ခန်းစာ (3)
- ပညာရေး (6)
- ဗဟုသုတ (242)
- ဘာသာရေး (2)
- ဝတ္ထုတို (36)
- ဟာသ (117)
- အလှအပရေးရာ (1)
- ဆောင်းပါးများ (111)
- ပြည်ခိုင်ဖြိုး သတင်း (4)
Wednesday, 23 March 2016
အဖြူရောက်စက္ကူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment