Android app တစ်ခု ဖန်တီးဖို့ အတွက် အခမဲ့လည်းဖြစ် လွယ်ကူ ရှင်းလင်းမှု လည်း ရှိတဲ့ နည်းလမ်းလေးကို တင်ဆက်ပေးပါမယ်။
Developer တစ် ယောက် မဟုတ်လည်း app တစ်ခု ဖန်တီးနိုင်တော့မှာပါ။ ကိုယ်ပိုင်အတွေး အယူအဆနဲ့အတူ လွတ်လပ်စွာ ကျယ်ပြန့်သော
နည်းပညာခရီးရဲ့ အပိုင်းအစ တစ်ခုဖြစ်စေ ပထမခြေလှမ်းဖြစ်စေ Android app တစ်ခု ဖန်တီးမှုနဲ့ စတင်လိုက်ရအောင် . . .
အရင်က app တစ်ခု ဖန်တီးနိုင်ဖို့ဆိုတာ အရမ်းခက်ခဲ့တဲ့ ကိစ္စတစ်ခု ဖြစ်ပါ တယ်။ Coding နားလည်တဲ့ ကျွမ်းကျင်ပညာရှင်တွေ အတွက်သာ
သီးသန့် ဖြစ်နေတဲ့ နည်းပညာ ရပ်ကွက်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ပြောင်းလဲလာတဲ့ app creation technology နဲ့အတူ
ယခုအခါမှာတော့ အရင်ထက် ပိုမို လွယ်ကူစွာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Code အကြောင်း ဘာမှမသိတဲ့ David Reichelt ဆိုသူရဲ့
Color Switch ဆိုတဲ့ ဂိမ်း app ကို ဒေါင်းလုတ် လုပ်သူ ပေါင်း ၁၀ သန်း ခန့် ရှိခဲ့တယ်လို့လည်း သိရပြန်တဲ့အတွက် ကိုယ်ပိုင် app တွေ
ဖန်တီးဖို့ စိတ်ဝင်စားသူတွေအတွက် အားတက်စရာ ဖြစ်ပါတယ်။
ဒီလို app တစ်ခု မဖန်တီးခင် အရင်ဆုံး research အရင် လုပ်ရပါမယ်။ ဘယ်လို app မျိုးကို ဖန်တီးမှာလဲ ဆိုတာက အရေးကြီးပါတယ်။
တခြား app တွေကို လေ့လာရပါမယ်။ ကိုယ်အသုံးပြုမှာ မဟုတ်တဲ့ ကိုယ် မကြိုက် နှစ်သက်တဲ့ app တစ်ခုကို develop လုပ်မိလို့ကတော့
အချိန်သက်သက် ဖြုန်းသလို ဖြစ်သွားမှာပါ။ ဒါ့အပြင် ရှိပြီးသား app တွေကိုမှ ပြန်လည်ပြီး reinvent ပြန်လုပ်တာမျိုးကိုလည်း ရှောင်ရမှာပါ။
ဒါ့ကြောင့် research ကောင်းကောင်း အရင် လုပ်ရမှာပါ။ ကိုယ့်ရဲ့ စိတ်ကူးကို အရင်ဆုံး အကြမ်းပုံ ဖော်ရမှာဖြစ်ပြီး ကိုယ့်မိသားစုဖြစ်စေ
ကိုယ့်ချစ်သူခင်သူများကိုဖြစ်စေ အရင် ဆုံး ပြသင့်ပါတယ်။ အကြံဥာဏ်နဲ့ တုံ့ပြန်မှုတွေ ရယူသင့်ပါတယ်။
စီးပွားရေးအရ လုပ်မယ်ဆိုရင်တော့ ကိုယ်ယှဉ်ပြိုင်မယ့် ဈေးကွက်ထဲက အလားတူ app တွေရဲ့ အနေအထားကို ကြည့်ဖို့ လိုအပ်ပါမယ်။
စွမ်းဆောင် ရည် မြင့်မားမှုနဲ့အတူ နာမည်ရပြီးသား app တွေကို ယှဉ်မယ်ဆိုရင်တော့ creation လုပ်နိုင်ဖို့ လိုပါမယ်။ တခြားသူတွေ
မတွေးထင်ထားတဲ့ အရာတွေ ကို ချပြနိုင်ဖို့ လိုပါတယ်။
ဦးစွာ ရင်းနှီးစေဖို့အတွက် ရိုးစင်းတဲ့ app တစ်ခု ဒီဇိုင်းကို ဖန်တီးကြည့်ရ အောင်။ ဒီလို စမ်းသပ်ပြီးတာနဲ့ Android Studio ဟာ
ဘယ်လောက်ထိ အသုံးပြုရ လွယ်ကူတယ် ဆိုတဲ့ အရသာကို သိရှိမှာဖြစ်ပြီး ကိုယ့်စိတ်ကြိုက် app တစ်ခု ဖန်တီးနိုင်တော့မှာ ဖြစ်ပါတယ်။
Start a new Android Studio project ကို နှိပ်လိုက်ပြီ ဆိုတာနဲ့ မတူညီ ကွဲပြားတဲ့ option တွေ အများကြီး စတင်ရရှိမှာပါ။
ဒါပေမယ့် သေချာ စီမံ ခန့်ခွဲနိုင်ဖို့တော့ လိုပါတယ်။ ကိုယ့်ရဲ့ app နာမည်ကို ရိုက်ထည့်ပြီးတာနဲ့ စတင် တည်ဆောက်ရမှာပါ။ တကယ်လို့ အစီအစဉ် သေချာ
မဆွဲရသေး ရင်တော့ အချိန်သေချာယူ စဉ်းစားပြီးမှ စတင် လုပ်ဆောင်စေချင်ပါတယ်။
စမတ်ဖုန်း သုံးစွဲသူတွေအတွက် အဓိကထား လုပ်ဆောင်မယ် ဆိုရင်တော့ smartphone/tablet user box ကို ကလစ် နှိပ်ရုံပါပဲ။
တခြား ရွေးချယ်စရာ တွေ ရှိပေမယ့် ပထမဆုံး ပရော့ဂျက်မှာ ဒီ option ကို စမ်းသုံးကြည့်တာ ကောင်း ပါတယ်။ ပြီးရင်တော့ ဘယ် mode တွေကို
app မှာ ထည့်ချင်လည်း ဆိုတာကို စတင် ရွေးချယ်ရတော့မှာပါ။ ဒီ့အတွက် fullscreen ကို ရွေးချယ်ပါ။
App တစ်ခုလည်း ဖန်တီးချင်တယ်၊ coding လည်း နားမလည်ဘူး ဆိုသူ များအတွက်တော့ Android Studio ကို ဒေါင်းလုတ် လုပ်ရပါမယ်။
Install မလုပ်ခင်မှာ Java SE Development Kit 7 ရှိတာ သေချာအောင် အရင် လုပ်ရပါမယ်။ နှစ်ခုလုံးကို အခမဲ့ ရယူနိုင်ပါတယ်။
ပြီးရင်တော့ Android Studio ကို install လုပ်ပါ။ Dummy Content နဲ့ Dummy Button တွေကို right-click နှိပ်ပြီး delete လုပ်ပါ။
Large Text ကို ကလစ်နှိပ်ပြီး ကိုယ့်ရဲ့ app အကြောင်းကို စမတ်ဖုန်း အလယ်ခေါင်မှာ အမှာစာရေးပါ။ screen အလယ်မှာ စာတစ်ကြောင်း ပေါ်လာပါလိမ့်မယ်။
အဲ့ဒါကို ကလစ်နှိပ်ပြီး text ပြောင်းနိုင်ပါတယ်။ Widgets ထဲမှာ Radio ခလုတ်ကို အပေါ် ညာဘက်ကို ဆွဲထည့်လိုက်ပါ။ Palette ကို အောက်ချပြီး
Date & Time ကို နှိပ်ပါ။
စမတ်ဖုန်း အပေါ် ဘယ်ဘက်ကို Chronometer ဆွဲထည့်ပါ။ အသေးစိတ် ကိုတော့ Android Studio ကို အသုံးပြုရင်း မိမိကြိုက်နှစ်သက်ရာ
app တစ်ခုကို ဖန်တီးနိုင်ရင်း ပိုမို သိရှိလာမှာ ဖြစ်တဲ့အတွက် သင့်ရဲ့ နည်း ပညာခရီးကို အခုပဲ စတင်လိုက်ပါ။
credit-သန့်စင်စိုး
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment