MSI ၏ နောက်ဆုံးထွက်ရှိလာတဲ့ GE62 6QF Apache Pro Gaming Notebook ဟာ နောက်ဆုံးအသစ်ထွက်ရှိလာတဲ့ Skylake 6th Gen CPU core i7 ကိုတပ်ဆင်အသုံးပြုထားသောကြောင့် သာလွန်တဲ့စွမ်းဆောင်ရည်ကို ပိုမိုရရှိစေမှာဖြစ်ပါတယ်။ Memory ကို နောက်ဆုံးထွက်ရှိတဲ့ DDR4 8 GB* 2133 MHz တပ်ဆင်ထားပြီး Slot ၂ ခုပါဝင်သောကြောင့် 32GB အထိ အမြင့်ဆုံးတပ်ဆင်နိုင်မှာဖြစ်ပါတယ်။ Graphic အနေဖြင့် nVidia Geforce GTX 970 M , 3 GB DDR5 အမျိုးအစားကိုအသုံးပြုထားသောကြောင့် Gaming Performance ကိုအမြင့်ဆုံးရရှိနိုင်ပါတယ်။ 1TB HDD ပါဝင်သောကြောင့် Data သိုလှောင်မှု အပိုင်းမှာလည်း ပြောစရာမရှိလောက်အောင် လုံလောက်စေမှာဖြစ်ပါတယ်။ Anti-glare (Wide-viewing angle) ဖြစ်တဲ့ 15.6" LED Display က အကောင်းဆုံးပုံထွက်တွေကို ပေးစွမ်းမှာဖြစ်ပြီး Full HD ကို Resolution (1920 x 1080) ဖြင့် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ GameSense ရရှိတဲ့ Steelseries Engine 3 အမျိုးအစားနှင့် LED Backlight Full Color Keyboard ကိုအသုံးပြုထားသောကြောင့် အလင်းရောင်အားနည်း တဲ့နေရာတွင်ဖြစ်စေ၊ အမှောင်ထဲမှာဖြစ်စေ ပိုမိုပေါ်လွင်စေပြီး အသုံးပြုသူများအတွက် လွယ်ကူအဆင်ပြေစေ မှာဖြစ်ပါတယ်။
"SHIFT" Feature ဟာ Gaming Notebook ၏ performance နဲ့ tem-perature အတွင်းရှိ စနစ်ထိန်းညှိမှုကို လုံးဝထိန်းချုပ်ပေးနိုင်ပါတယ်။ထို့အပြင် 9.5 mm Super Multi DVD Drive, Killer GB LAN, WLAN, HD Webcam, Bluetooth 4.0 version, HDMI, Display port, USB 3.1 (Data Transfer မှာ ၂ ဆ ပိုမြန်ခြင်း)၊ Mini Display Port, eSATA တို့ပါဝင်ပါတယ်။ Battery အားဖြင့် 6 cells ဖြစ်သော်လည်း အခြား Model များထက် 46% ပိုပြီးကြာရှည်အသုံးခံနိုင်သောဒီဇိုင်းနှင့် ပြုလုပ်ထားပါတယ်။
MSI ၏ Gaming Feature တွေဖြစ်တဲ့ 4K output ထောက်ပံ့ပေးတဲ့ Matrix Display system (လုပ်ဆောင်ချက် ၂ မျိုးကို Monitor Display ၂ ခုပေါ်မှာ တပြိုင်နက်အသုံးပြုနိုင်တဲ့စနစ်)၊ အအေးပေးစနစ်ကို ပိုကောင်းအောင်ပြုလုပ်ထားတဲ့ နောက်ဆုံးအသစ်ပြုလုပ်ထားတဲ့ Cooler Boost 3 နည်းပညာ၊ အသံစနစ်တွင် အသံ၏ အသေးစိတ်ကြည်လင်ပြတ်သားမှုနှင့် Surround Sound system တွေကို အပြည့်အ၀ခံစားနိုင်မည့် Audio Boost 2 နှင့် Sound Blaster Cinema System, Nahimic Sound Technology တွေအပြင် Online ပေါ်က HD Video, High Quality Audio တွေနဲ့ Online Game တွေကို အထစ်အငေါ့မရှိဘဲ အသုံးပြုနိုင်မယ့် Killer E2400 Gigabit Ethernet LAN နှင့် Xsplit Gamecaster နည်းပညာတွေပါဝင်တာကြောင့် Game ၀ါသနာပါသူများအတွက်သာမက စွမ်းဆောင်ရည်အမြင့်ဆုံးကို ကြိုက်နှစ်သက်ပြီး အသုံးပြုလိုသူများအတွက်ပါ လုံးဝအဆင်ပြေစေမှာဖြစ်ပါတယ်။
Royal Smart Trading Co.,Ltd
Ph : 09-73020981, 01-240110
credit-netguide journal
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment