Wednesday, 23 March 2016

Google Docs Voice Typing တွင် Edit နှင့် Format ပါ ပြုလုပ်နိုင်



စာများများရိုက်လေ့ရှိသူများအဖို့ smart device တစ်ခုဖြင့် နှုတ်တိုက်ချပေးကာ စာရိုက်နိုင်ခြင်းသည် လွန်စွာ အဆင်ပြေမည့်ကိစ္စတစ်ခုဖြစ်သည်။ Google Docs သည် ထင်ရှားသော online office suite တစ်ခုဖြစ်ပြီး အသံဖြင့် စာရိုက်ယူနိုင်သော dictation အပြင် ယခုအခါအသံဖြင့ိ documents များကို editing နှင့် formatting ပါပြုလုပ်နိုင်တော့မည်ဟု သိရသည်။ Chrome ဖြင့် Google Docs သုံးစွဲသူသည် ကီးဘုတ်ကိုပင် မကိုင်ဘဲ စာရေးသားနိုင်ပြီး ၀တ္ထုတစ်အုပ်ပင် ဖန်တီးနိုင်လိမ့်မည်ဟု ဆိုခဲ့သည်။ Voice Typing အား Google မှ Google Docs tool menu တွင်ထည့်သွင်းပေးခဲ့ကာ ၂၀၁၅ စက်တင်ဘာကတည်းက စတင်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် edit နှင့် အမှားပြင်ဆင်မှုများရှိသဖြင့် ကီးဘုတ်ကို လက်လွှတ်မရနိုင်ဘဲ ကွန်ပျူတာနှင့် ဝေးဝေးခွာ၍ခိုင်းစေရန် ထိုစဉ်ကမဖြစ်နိုင်ခဲ့ပေ။ ယခုအသစ် ပါဝင်လာသော editing နှင့် formatting command တို့ကြောင့် Google Docs အား ကီးဘုတ်မလိုဘဲ သုံးစွဲခွင့် ပိုမိုရရှိလာမည်ဖြစ်သည်။ Voice Typing ၏ တိုးချဲ့မှုတစ်ခုဖြစ်သဖြင့် Function အသစ်အား Voice Typing ကိုရွေးချယ်ကာ စတင်အသုံးပြုနိုင်မည်ဖြစ် သည်။ သုံးစွဲသူများအနေဖြင့် editing နှင့် formatting အတွက် အမိန့်ပေးစေခိုင်းမှုများပြုလုပ်နိုင်မည်ဖြစ်သည်။ အမိန့်ပေးနိုင်သော အချက်များစွာရှိပြီး command list မှ ကြည့်ရှုနိုင်သလို ''Vouce commands help" ဟု အသံဖြင့်လည်း ရှာဖွေနိုင်မည်ဖြစ်သည်။ Google Docs ၏ Voice Typing မည်မျှထိရောက်မှုရှိမည်ကိုမူ စမ်းသပ်သုံးစွဲရမည်ဖြစ်ပြီး လက်ရှိကာလတွင်မူ အမြဲတမ်းစာရေးနေသူများအား အထောက်အကူပြုနိုင်ရုံအဆင့် သာ ရှိသေးသည်ဟုယူဆရပြီး ကီးဘုတ်အား လုံးဝအစားထိုးရန်မလွယ်ကူသေးပေ။

credit-netguide journal



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment