Wednesday, 23 March 2016

Vivo X5 Pro

ပြည်တွင်းမိုဘိုင်လ်းဈေးကွက်မှာတစ်ဖြည်းဖြည်းလူကြိုက်များလာတဲ့Vivo ရဲ့နောက်ဆုံးရောက်စမတ်ဖုန်းပါ။တန်ဖိုးမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းတွင်ထည့်သွင်း အသုံးပြုထားတဲ့ဖွဲ့စည်းပုံတွေကနှစ်ခြိုက်အားရ စရာပါ။ ကင်မရာ ပိုင်းတွင်လည်း မြင့်၊ မှတ်ဉာဏ်စနစ်မှာလည်းပြည့်စုံရုပ်ထွက် ကြည်လင်ပြတ်သားမှုကလည်းနှစ်လိုဖွယ်ဆိုတော့ဒီဖုန်းကကိုင်ချင်စဖွယ်ပါ။

ဆင်းကတ် နှစ်ကတ်ကို အတွဲလိုက်ပုံစံနဲ့တစ်ခုတည်းမှာ ပြုလုပ်ပေးထားသလိုမမ်မိုရီကတ်ကိုပါ တစ်ပါတည်း တွဲထားတာကြောင့် ဆင်းကတ်ဖြစ်စေ မမ်မိုရီကတ် ဖြစ်စေ တစ်ခုခုကို ထုတ်သွင်းပြုလုပ် ချိန်တိုင်း မှာ ကတ်အားလုံးကို ထုတ်သွင်းပြုလုပ်နေရတာကြောင့်နည်းနည်းတော့မလွယ်လောက်ပါဘူး။ဖုန်းဖွဲ့စည်းပုံကတော့Quad-core 1.5 GHz Cortex-A53 နှင့် Quad-core 1.1.0 GHz Cortex-A53 တို့  ပါဝင်တဲ့ Octa core CPU ဖြစ်ပြီး ဂရပ်ဖစ်အတွက်တော့ Adreno 405 GPU ကို ထည့်သွင်းပေးထားတာပါ။ ဖုန်းတွင်းမှတ်ဉာဏ်ပမဏကတော့ 16GB ဖြစ်ပြီး RAM 2GBပါ။မှတ်ဥာဏ်ထပ်တိုးနိုင်ပါသေးတယ်။

13MP နောက်ကင်မရာ၊ 8MPရှေ့ကင်မရာတို့ပါဝင်တာကြောင့်ကင်မရာကောင်းကောင်းကြိုက်သူတွေအတွက်တော့

နှစ်လိုဖွယ်ရာပါ။ ဓာတ်ပုံရိုက်ခံသူများအတွက် ကင်မရာက ယောက်ျာနဲ့ မိန်းမကို  အလိုအလျောက် သိရှိခွဲခြားကာ ဓာတ်ပုံရိုက်ပေး နိုင်တဲ့ နည်း စနစ်ကိုလည်း ပါဝင်ထောက်ပံ့ပေးထားတာပါ။

ဖုန်းကို ပါးပါးလျားလျားရှိတဲ့ ပုံစံမျိုးတည်ဆောက်ထားပြီး မျက်နှာပြင်အရွယ်အစား ကတော့ ၅.၂ လက်မရှိပါတယ်။ရုပ်ထွက် ကြည်လင်ပြတ်သားပြီးနှစ်လိုဖွယ်ရုပ်ထွက်ကိုခံစားနိုင်ပါတယ်။

အလေးချိန်မှာ ၁၅၁ ဂရမ်ဖြစ်တာကြောင့်အနည်းငယ်လေးနေသလိုပါပဲ။

ဖုန်းကိုယ်ထည် တစ်ခုလုံးကိုတော့ သတ္တုကိုယ်ထည်နဲ့တည်ဆောက်ထားတာပါ။

နောက်ဘက်ကာဗာကလည်း ကာဗာအသေဖြစ်ပါတယ်။ စပီကာများကိုတော့ ဖုန်းအောက်ခြေဘောင်မှညထားရှိတာကြောင့်သီချင်း နားထောင်တဲ့အခါမျိုးပဲဖြစ်ဖြစ်၊

ဖုန်းပြောရင်ပဲဖြစ်ဖြစ် ကြည်လင်ပြတ်သားပီသတဲ့အသံကိုနားဆင်နိုင်ပါတယ်။

Bluetooth 4.0, USB 2.0 နှင့် Li-Po 2450mAh ဘက်ထရီတို့ ပါဝင်ပါတယ်။

Micro Sim တစ်ကတ်နှင့် Nano Sim တစ်ကတ် အသုံးပြုရမည်ဖြစ်ပြီး Sim Slot တစ်ခုမှာ SD Card နဲ့အတူ အတွဲလိုက် ရှိနေမှာပါ။

Price – 388000 Ks

01-255501










credit-နည်းပညာ



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment