Facebook သည် ယခုအခါတွင် သုံးစွဲသူများအား emoji များ ရွေးချယ်သုံးစွဲခွင့်ပေးခဲ့ပြီဖြစ်ပြီး 'Reaction' ဟု အမည်ပေးထားသော emoji များသည် ''like" ထက် ပိုမိုများပြားသောစိတ်ခံစားချက်ကို ဖော်ပြပေးနိုင် မည်ဖြစ်သည်။ ထိုပုံအသစ်များသည် အချစ်၊ ရယ်မောခြင်း၊ အံ့အားသင့်မှု၊ ၀မ်းနည်းမှု၊ စိတ်ဆိုးခြင်း စသည်တို့ အား ဖော်ပြပေးနိုင်မည်ဖြစ်သည်။ Facebook သည် ထို icon အသစ်များကို ဥရောပတွင် စမ်းသပ်နေသည်မှာ လအနည်းငယ်ကြာပြီဖြစ်ကာ သုံးစွဲသူများ၏ထောက်ခံမှုကိုရရှိသဖြင့် ယခုကဲ့သို့ အားလုံးထံဖြန့်ဝေပေးခဲ့ခြင်းဖြစ် သည်။ Facebook သည် လက်ရှိတွင် ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံခန့် လစဉ်သုံးစွဲနေပြီး ယခု emoji များကြောင့် သုံးစွဲသူပိုမိုလာရန်မျှော်လင့်ထားသည်။ Facebook CEO မတ်ခ်ဇူကာဘတ်မှလည်း reaction နှင့်ပတ်သက်၍ အချိန်တိုင်းသည် အမြဲတမ်း အကောင်းများသာမဖြစ်နိုင်ကြောင်း ဆိုသွားခဲ့သည်။ Emoji များသည် အချင်းချင်း ဆက်သွယ်မှုကိုသာ အားပေးသည်မဟုတ်ဘဲ site တွင် သုံးစွဲသူပိုမိုများပြားလာရုံသာမကဘဲ Facebook အနေ ဖြင့်လည်း သုံးစွဲသူများ၏ အလေ့အကျင့်နှင့်ပတ်သက်သော အချက်အလက်များအား ပိုမိုသိရှိနိုင်ကာ ကြော်ငြာ များအတွက် digital profile ကောင်းကောင်းဖန်တီးပေးနိုင်မည်ဖြစ်ပြီး ထိုအချက်သည်ကုမ္ပဏီ၏ အဓိက၀င်ငွေ လည်းဖြစ်သည်။ Facebook ၏ reaction ပုံများကိုသုံးစွဲရန် like ခလုတ်အားဖိထားရမည်ဖြစ်ပြီး PC တွင် Like ခလုတ်ပေါ်၌ mouse မြှားအားတင်ထားရမည်ဖြစ်သည်။ ထို့နောက်တွင် နှစ်သက်ရာ reaction ပုံအား ရွေးချယ် သုံးစွဲနိုင်မည်ဖြစ်သည်။ Reaction များအား သုံးစွဲသူမည်မျှနှစ်သက်မည်ကိုမူ ဆက်လက်စောင့်ကြည့်ကြရ မည်ဖြစ်သည်
credit-netguidejournal
အောင်မြင့်မြတ်(Myanmar Youths)
Labels
- ကဗျာ (71)
- ကျန်းမာရေးဗဟုသုတ (158)
- ချစ်မှုရေးရာ (45)
- စာအုပ်စင် (14)
- နည်းပညာ (223)
- ပညာပေး သင်ခန်းစာ (3)
- ပညာရေး (6)
- ဗဟုသုတ (242)
- ဘာသာရေး (2)
- ဝတ္ထုတို (36)
- ဟာသ (117)
- အလှအပရေးရာ (1)
- ဆောင်းပါးများ (111)
- ပြည်ခိုင်ဖြိုး သတင်း (4)
Saturday, 19 March 2016
Facebook တွင် Emojis များ စတင်သုံးစွဲနိုင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment