Wednesday, 13 April 2016

Asus Zenfone Max



Price » 229,000 Ks

Contact Phone » 09-32466699 ( Mobitel )


Specification

» Network : GSM/HSPA/LTE 

» Weight : 202 g

 » Display : 5.5", IPS capacitive touchscreen 

» Dimensions : 6.14 x 3.05 x 0.42 inch

 » Memory : 8GB, 2GB RAM, micro SD, up to 64GB

 » Camera : 13 Megapixel, Front : 5 MP autofocus, dual-LED flash, Geo-tagging,  face detection, touch focus, panorama, HDR

 » Connectivity : GPRS, EDGE, WLAN, Bluetooth, USB » Chipset : Qualcomm MSM8916 Snapdragon 410  GPU : Adreno 306

 » OS : Android OS, v5.0 (Lollipop) 

» Protection : Corning Gorilla Glass 4, Asus Zen UI


စမတ်ဖုန်းတွေကို တဖြည်းဖြည်းနဲ့ အပြိုင်အဆိုင်တွေ ထုတ်လုပ်လာကြတာ တွေ့ရပေမယ့် ဖုန်းတစ်လုံးရဲ့ အရေးပါတဲ့အစိတ်အပိုင်းလို့ ပြောလို့ရတဲ့ ဘက်ထရီပိုင်းမှာတော့ စိတ်ပျက်စရာလေးတွေ အနည်းနဲ့အများ ကြုံတွေ့ဖူးကြမှာပါ။ ဖုန်းတစ်လုံးမှာ နောက်ဆုံးပေါ်အကောင်းစား software နဲ့ hardware တွေ ဘယ်လောက်သုံးထားထား အားကုန်သွားတဲ့အခါကျရင်တော့ အားအပြည့်နဲ့ ဘက်ထရီကောင်းကောင်း တစ်ခုတော့ အရမ်းလိုအပ်ပါတယ်။ ဒီလိုအပ်ချက်တွေကို Asus က Zenfone Max မှာ ထည့်သွင်းပေးခဲ့ပြီး Zenfone Max ကို Power Bank ဖုန်းတစ်လုံးအဖြစ်လည်း သုံးနိုင်အောင် ပြုလုပ်ဖန်တီးပေးခဲ့ပါတယ်။

Asus ရဲ့ Zenfone range တွေကို တစ်လုံးနဲ့တစ်လုံး သိပ်မပြောင်းလဲဘဲ ပုံစံတူဖြစ်နေတာကြောင့် သတိထားမိနေပြီး Zenfone Max မှာဆိုရင်လည်း Asus ရဲ့ စမတ်ဖုန်းတစ်လုံးမှန်း မြင်လိုက်တာနဲ့ သိသာနေအောင် ခံ့ညားလှပတဲ့အသွင်နဲ့ ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။ Zenfone Max ရဲ့ ကိုယ်ထည် တစ်ခုလုံးကို ပလတ်စတစ်နဲ့တည်ဆောက်ထားပြီး ကျောဘက်ပလတ် စတစ်ကာဗာကို ဖြုတ်/တပ်လို့ ရပါတယ်။ Zenfone Max ဟာ Lenovo K3 Note ထက်တောင် ပေါ့ပါးပြီး 202 g အလေးချိန် ရှိပါတယ်။

ကြီးမားတဲ့ဘက်ထရီကို ထည့်သွင်းထားတာမို့ အလေးချိန်ကတော့ အခြားဖုန်းတွေထက်ပိုနေမှာဖြစ်ပြီး ဘက်ထရီအရွယ်အစား အတူတူပဲ သုံးပေးထားတဲ့ Gionee Marathon M4 ထက်လည်း Zenfone Max က ပိုလေးတာတွေ့ရပါတယ်။ 10.5mm အထူရှိပြီး တောင့်တင်းတဲ့ဘေးဘောင်ကြောင့် လက်ထဲမှာ ကျစ်ကျစ် လျစ်လျစ်ဖြစ်နေပါလိမ့်မယ်။ ရှေ့မျက်နှာပြင်မှာ Physical capacitive buttons တွေထည့်ထားတာမတွေ့ရဘဲ ကျောဘက်ကို အနည်းငယ်လောက်ခုံးပေးထားတာဖြစ်လို့ လက်တစ်ဖက်တည်းနဲ့ ကောင်းကောင်းကိုင်သုံးနိုင် ပါတယ်။

အသံခလုတ်နဲ့ ပါဝါတို့ကို ညာဘက်မှာတပ်ဆင်ထားပြီး ပလတ်စတစ်နဲ့ပဲ ဖွဲ့စည်းထားပါတယ်။ စပီကာ တစ်လုံးထဲပါဝင်ပြီး နောက်ကျောဘက်မှာ တည်ရှိပါတယ်။ အဖြူနဲ့အနက် အရောင် ၂ မျိုး ရရှိနိုင်ပါတယ်။ 2G, 3G, 4G Network ထိ Zenfone Max ကို ချိတ်ဆက်အသုံးပြုနိုင်ပြီး Dual-SIM အမျိုးအစား စမတ်ဖုန်း တစ်လုံးပါ။ Zenfone Max မှာ ၅.၅ လက်မအရွယ် HD screen ပါဝင်ပြီး 720 x 1280 pixels HD ရုပ်ထွက်အရည်အသွေးကို ပံ့ပိုးပေးနိုင်ပါတယ်။

၅.၅ လက်မအရွယ်ဖုန်းဟာ HD resolution ကိုပဲ ပေးစွမ်းနိုင်တာက သိပ်သဘောကျစရာမကောင်းပေမယ့် ပေးဝယ်ရတဲ့ဈေးနှုန်းနဲ့ တိုင်းလိုက်ရင်တော့ သဘာဝကျပြီး Zenfone Max ရဲ့ မျက်နှာပြင်ကို Gorilla Glass 4 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။ Android OS 5.0 (Lollipop) ကို အခြေခံထားတဲ့ Zen UI ကို run ထားပါတယ်။ Zenfone Max မှာ 1.2GHz မြန်နှုန်းရှိတဲ့ Qualcomm 64bit quad-core processor က စွမ်းဆောင်ရည်မြင့်မားစေဖို့ ဆောင်ရွက်ပေးမှာဖြစ်ပြီး နောက်ထပ်ကောင်းမွန်စေဖို့ 2GB ပမာဏ RAM နဲ့ ဂရပ်ဖစ် Adreno 306 တို့ကို ထည့်သွင်းထားပါတယ်။

ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ကို ကောင်းကောင်းသုံးနိုင်ပြီး mciroSD ကတ် 128GB အထိ အမြင့်ဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ Asus Zenfone Max မှာ ဆင်းကတ် ၂ မျိုး တစ်ပြိုင်နက်ထည့်သုံးနိုင်ပြီး SIM 1 အတွက် 2G, 3G, 4G Network တွေနဲ့ SIM 2 အတွက်ကတော့ 2G, 3G မျိုးသာ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Asus ရဲ့ 5GB Web storage ကို တစ်သက်တာအသုံးပြုနိုင်ခွင့်ရရှိမှာဖြစ်ပြီး Bluetooth, Wi-Fi, microUSB 2.0, USB OTB တို့ သုံးနိုင်ပါတယ်။

Asus Zenfone Max ရဲ့ ကျောဘက်မှာ 13MP ကင်မရာတပ်ဆင်ထားပြီး f/2.0 aperture, 5 element အလို အလျောက်ဆုံချက်ကိုချိန်ဆပေးနိုင်တဲ့ မှန်ဘီလူး၊ ဝ.ဝ၃ စက္ကန့်အတွင်း လေဆာနဲ့ အလိုအလျောက်ချိန်ပေး နိုင်တဲ့ autofocus, dual-LED flash တို့ ပါဝင်ပါတယ်။ 1080p full HD ကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး ရှေ့ ဘက်မှာ 5MP ကင်မရာထည့်သွင်းထားပါတယ်။ Max မှာ Asus ရဲ့ Glove Touch Technology ကို support လုပ်ထားတာကြောင့် လက်အိတ်နဲ့ touch သုံးနိုင်ပါတယ်။


Battery Life

Non-removable Li-Po 5000mAh ဘက်ထရီပါဝင်ပြီး Asus Zenfone Max ဟာ အခြားဖုန်း တစ်လုံးကို အားပြန်ဖြည့်ပေးနိုင်တဲ့ Power Bank အဖြစ်လည်း သုံးနိုင်ပါတယ်။ Power Saver App မှာ battery modes (၅) မျိုး ပါရှိပြီး သက်တမ်းကြာရှည်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။


Design

Zenfone Max မှာ Metal-effect Bezel ပါရှိပြီး ပလတ်စတစ်ကိုယ်ထည်ကို အသုံးပြုထားပါတယ်။ စတိုင်ကျလှပတဲ့ဒီဇိုင်းကြောင့် Zenfone တွေအတိုင်း လူကြိုက်များတဲ့ဒီဇိုင်းကိုပိုင်ဆိုင်ထားပြီး 10.6mm အထူနဲ့ 202 g အလေးချိန်ရှိပါတယ်။


Processor

ဖုန်းရဲ့စွမ်းဆောင်ရည်အတွက် လူသိများတဲ့ Qualcomm Snapdragon 410 quad-core processor ကို အသုံးပြုထားပြီး 1.2GHz မြန်နှုန်းရှိတဲ့ quad core processor ရဲ့ ကောင်းမွန်မှုတွေကို သုံးစွဲနိုင်ပါလိမ့်မယ်။ ပိုမိုအဆင့်မြင့်အောင် RAM 2GB, ဂရပ်ဖစ် Adreno 306 တို့နဲ့ ဖွဲ့စည်းထားပါတယ်။


Display and Camera

၅.၅ လက်မအရွယ် Display ဟာ 720 x 1280 pixels HD ရုပ်ထွက်အရည်အသွေးကို ပံ့ပိုးပေးနိုင်ပြီး Blue Light filter တွေ ပါဝင်ပါတယ်။ Drop-resistance ရှိတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး Gorilla Glass 4 နဲ့ မျက်နှာပြင် အကြမ်းဒဏ်ကို ကာကွယ်ပေးပါတယ်။ ဖုန်းရဲ့အဓိကကင်မရာဟာ 13MP အရည်အသွေးရှိပြီး full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ ရှေ့မျက်နှာပြင်ဟာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။


Verdict

Asus Zenfone Max မှာ အားအလွန်ကောင်းတဲ့ ဘက်ထရီပါဝင်နေတာကြောင့် သုံးရတာ အရမ်း အဆင်ပြေတဲ့စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ တစ်နေကုန် ဖုန်းအသုံးပြုနေတဲ့ heavy users တွေအတွက် စိတ် အေးလက်အေးနဲ့ ဘက်ထရီအတွက် စိုးရိမ်စရာမလိုဘဲ သုံးနိုင်ပြီး ဈေးနှုန်းလည်း ချိုသာပါတယ်။


credit-Netguide Journal



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment