မင်္ဂလာပါ
ကျွန်တော် အခုပြောပြမှာက သူငယ်ချင်းတို့ အော်ရီဒူး မြန်မာ က မြန်မာရိုးရာ မဟာသင်္ကြန် ကာလမှာ ဖုန်းငွေဖြည့်ကဒ် ဝယ်ယူမှု အခက်အခဲမရှိစေရန် ဖုန်းဘေ ကြိုတင်သုံးစွဲမှု ကို မိတ်ဆက်ပေးလိုက်ပါတယ်။
မိတ်ဆွေ၏ ဖုန်းငွေ လက်ကျန် ၂၀၀ကျပ် (သို့မဟုတ်) ၂၀၀ကျပ် အောက်ရောက်သွားပြီး ငွေဖြည့်ရန်ခက်ခဲနေအချိန်တွင် “အူရီဒူးကြိုသုံး” ၀န်ဆောင်မှုကို အသုံးပြုနိုင်သည်။
မိမိနှစ်သက်ရာအစီအစဉ်ကိုအောက်ပါအတိုင်းရွေးချယ်နိုင်ပါသည်။
*127# ကို ဖုန်းခေါ်လိုက်ရုံနဲ့ မိတ်ဆွေ၏ ဖုန်းငွေထဲသို့ ရက်သုံးဆယ်အတွင်း အသုံးပြုနိုင်မည့် ကြိုသုံးငွေ ၁,၆၀၀ ကျပ် ကိုရရှိနိုင်ပါသည်။ နောက်တစ်ကြိမ် ငွေဖြည့်သွင်းတဲ့အခါမှ ကြိုသုံးငွေ ၁,၆၀၀ ကျပ်ကို ၀န်ဆောင်ခ ၁၁၀ ကျပ်နဲ့အတူ ပြန်လည် နှုတ်ယူမှာ ဖြစ်ပါသည်။
(သို့မဟုတ်)
*125# ကို ဖုန်းခေါ်လိုက်ရုံနဲ့ မိတ်ဆွေ၏ ဖုန်းငွေထဲသို့  ရက်သုံးဆယ်အတွင်း အသုံးပြုနိုင်မည့် ကြိုသုံးငွေ ၈၀၀ ကျပ် ကိုရရှိနိုင်ပါသည်။ နောက်တစ်ကြိမ် ငွေဖြည့်သွင်းတဲ့အခါမှ ကြိုသုံးငွေ ၈၀၀ကျပ်ကို ၀န်ဆောင်ခ ၅၅ ကျပ်နဲ့အတူ ပြန်လည် နှုတ်ယူမှာ ဖြစ်ပါသည်။
(သို့ မဟုတ်)
*120# ကို ဖုန်းခေါ်ဆိုလိုက်ရုံနဲ့ မိတ်ဆွေ၏ ဖုန်းငွေထဲသို့  ရက်သုံးဆယ်အတွင်း အသုံးပြုနိုင်မည့် ကြိုသုံးငွေ ၅၀၀ ကျပ် ကိုရရှိနိုင်ပါသည်။ နောက်တစ်ကြိမ် ငွေဖြည့်သွင်းတဲ့အခါမှ ကြိုသုံးငွေ ၅၀၀ကျပ်ကို ၀န်ဆောင်ခ ၃၀ ကျပ်နဲ့အတူ ပြန်လည် နှုတ်ယူမှာ ဖြစ်ပါသည်။
ဝန်ဆောင်ခထဲတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။
Credit >> အော်ရီဒူး မြန်မာ
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး ( နည်းပညာ )
No comments:
Post a Comment