ဒေါ်မိုးထက်ထက်ဂွက်ထော်အား အားနက်စ်ဂြိုဟ်သို့ ဂြိုဟ်နှင်ဒဏ်ပေးသည့်
သတင်း ထွက်ပေါ် လာသည်နှင့် ကမ္ဘာ့လူသားထုအားလုံးသည် လူအများကို
ဒုက္ခပေးမည့် စုန်းမတစ်ကောင် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားတော့
မည်ဖြစ်၍ ဝမ်းသာနေကြလေ၏။
ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရအရာရှိများသည်လည်း အနုမြူလက်နက်၏
လျှို့ဝှက်နံပါတ်ကို ဖော်ထုတ်နိုင်စွမ်းရှိသူဟု ယူဆရသည့် ဒေါ်မိုးထက်ထက်ဂွက်
ထော်ကို ဂြိုဟ်နှင်ဒဏ်ပေးလိုက်သည့် အတွက် သက်ပြင်း ကိုယ်စီချကာ
ကျေနပ်အားရ ရှိနေကြလေသည်။
ဒေါ်မိုးထက်ထက်ဂွက်ထော်အတွက်လည်း အားနက်စ်ဂြိုဟ်သို့ ဂြိုဟ်နှင်ဒဏ်
အပေးခံရခြင်းမှာ ကံကောင်းထောက်မသည်ဟု ဆိုရပေလိမ့်မည်။ အဘယ်
ကြောင့်ဆိုသော် အားနက်စ်ဂြိုဟ်သည် ကမ္ဘာ နှင့် ဆွဲငင်အားချင်း တူညီပြီး၊
ရေမြေတောတောင်သဘာဝများမှာ ကမ္ဘာဂြိုဟ်အတိုင်း တည်ရှိနေသည့်
အတွက်ဖြစ်သည်။ ဂြိုဟ်သားများ၏အသွင်သ္ဌဏာန်မှာလည်း ကမ္ဘာ့လူသား
များအတိုင်း ဖြစ်ကြလေ သည်။ ကမ္ဘာ့လူသားများထက် ပို၍ထူးခြားသော
အချက်ဆို၍ အားနက်စ်ဂြိုဟ်သားများ၏ နားရွက် နှစ်ဖက်မှာ ပခုံးအထိ
ရှည်တွဲကျနေခြင်းနှင့် သူတို့၏ နဖူးထိပ်တည့်တည့်တွင် ဦးချိုတစ်ချောင်း
ပေါက် နေခြင်းတို့သာ ကွာခြားလေသည်။
ဒေါ်မိုးထက်ထက်ဂွက်ထော်အား တင်ဆောင်သွားသည့် အာကာသယာဉ်ကြီး
အားနက်စ်ဂြိုဟ် သို့ ထွက်ခွာသွားပုံကို တစ်ကမ္ဘာလုံးအား ရုပ်မြင်သံကြားမှ
တစ်ပြိုင်တည်း ထုတ်လွှင့်ပြသရာ အာကာသ ယာဉ်ကြီး ထွက်ခွာ သွား
သည်နှင့် ကမ္ဘာသားအားလုံးက ဝမ်းသာအားရ လက်ခုပ်တီးလိုက်ကြလေသည်။
ထိုအာကာသယာဉ်သည် ခရီးအကွာအဝေးအရ အားနက်စ်ဂြိုဟ်သို့
နောက်တစ်နှစ်ကြာမှ ရောက်ရှိမည်ဖြစ်၏။ မည်သို့ပင်ဆိုစေ မိမိတို့တစ်ကမ္ဘာ
လုံးအား ဒုက္ခပေးနိုင်သည့် စုန်းမကြီးကို ဂြိုဟ်နှင် ဒဏ်ပေး၍ နှင်ထုတ်လိုက်
နိုင်ခြင်းအတွက် ကမ္ဘာသူကမ္ဘာသားအားလုံး စိတ်အေးသွားကြလေတော့
သတည်း။
တကယ်တော့ ကမ္ဘာဂြိုဟ်မှ လူလည်ပညာရှင်ကြီးများသည်အား နက်စ်ဂြိုဟ်သား
များကို “နှပ်ချ” လိုက်ခြင်းဖြစ်ပါသည်။ မိမိတို့ကမ္ဘာကို အန္တရာယ်ပေးနိုင်သည့်
ဒေါ်မိုးထက်ထက်ဂွက်ထော်၏ အရည် အချင်းများအား အကောင်းဘက်သို့
ဦးတည်ကာ ညာပြောခြင်းဖြင့် အားနက်စ်ဂြိုဟ်မှ လက်ခံအောင် နှပ်ချလိုက်
ခြင်းပင် ဖြစ်တော့သည်။
မည်သို့ဆိုစေ ကမ္ဘာမီးလောင်သားကောင်ချနင်းဟု ဆိုပေရာ မိမိတို့ကမ္ဘာကြီး
မီးလောင်ပျက်စီး မည့်အရေးမှ ကာကွယ်သည့်အနေဖြင့် လိမ်ညာ နှပ်ချရခြင်းပင်
ဖြစ်တော့သည်။
-----------------
ကမ္ဘာဂြိုဟ်သားများက သူတို့ကိုယ်သူတို့ လည်လှပြီဟုယူဆကာ အားနက်စ်ဂြိုဟ်သား
များအား နှပ်ချလိုက်ခြင်းဖြစ်သော်လည်း အားနက်စ်ဂြိုဟ်သားများကမူ
ကမ္ဘာသားများကို ပြန်၍ “လှောင်ပြုံး” ပြုံး နေကြောင်းကိုတော့ ကမ္ဘာသားများ
မသိရှာပေ။
အားနက်စ်ဂြိုဟ်မှ သံအမတ်ကြီးသည် မီဒီယာများမှ ထုတ်လွှင့်ချက်များကြောင့်
ဒေါ်မိုးထက် ထက်ဂွက်ထော်အား စုန်းမဟုစွပ်စွဲနေကြကြောင်းကို သိပြီးဖြစ်သည်။
သံအမတ်များကိုခေါ်ယူ၍ သဘော ထားတောင်းခံသည့်ပွဲတွင်
ဒေါ်မိုးထက်ထက်ဂွက်ထော်၏ အရည်အချင်းများကို အမွှန်းတင်ပြောနေခြင်း
မှာလည်း တမင် “နှပ်ချ”လို၍ ပြောနေမှန်းသိသည်။
သို့သော် သံအမတ်ကြီးက ဒေါ်မိုးထက်ထက်ဂွက်ထော်အား သူတို့ ဂြိုဟ်တွင်
လက်ခံလိုက်ရန် မိခင်ဂြိုဟ်မှ အကြီးအကဲများအား တိုက်တွန်းခဲ့ပေသည်။
အဘယ်ကြောင့်နည်း။
ကမ္ဘာသားများသည် တိုးတက်မှုလွန်ကဲကာ အလွယ်လမ်းလိုက်ခဲ့သည့်အတွက်
အခြေခံကျ သောပညာရပ်များကို မသိနားမလည်တော့သည်အထိ
ဦးနှောက်ဉာဏ်ရည်များ တုံးနေကြပြီ။ တကယ် တမ်းတွင်
ဒေါ်မိုးထက်ထက်ဂွက်ထော် တတ်ကျွမ်းထားသည့်ပညာများမှာ
အလွန်တန်ဖိုးရှိသော ပညာ များဖြစ်ကြောင်းကို အားနက်စ်ဂြိုဟ်ဆိုင်ရာ
သံအမတ်ကြီးက သိရှိလေသည်။
၎င်းတို့၏အားနက်စ်ဂြိုဟ်သည် ကမ္ဘာနှင့်စာလျှင် တိုးတက်မှု နှေးကွေး
လျက်ရှိရာ အားနက်စ် ဂြိုဟ်၏ လက်ရှိအနေအထားမှာ လွန်ခဲ့သောနှစ်တစ်
ထောင်က ကမ္ဘာဂြိုဟ်၏အခြေအနေလောက်ပင် ရှိသေးသည်။ ဤသို့သော
အခြေအနေတွင် အားနက်စ်ဂြိုဟ်သည် ဒေါ်မိုးထက်ထက်ဂွက်ထော်ကဲ့သို့
သင်္ချာပညာရှင်မျိုးကို လိုအပ်လျက်ရှိပါသည်။
ထို့ကြောင့် ကမ္ဘာသားများက နှပ်ချသည်ကို မသိချင်ယောင်ဆောင်ကာ
ဒေါ်မိုးထက်ထက် ဂွက်ထော်အား မိမိတို့အားနက်စ်ဂြိုဟ်သို့ ပါအောင်
ခေါ်ယူခဲ့ခြင်း ဖြစ်ပါသည်။
သူတို့ကိုယ်သူတို့ လည်လှပြီထင်နေသော ကမ္ဘာသားများကို
အားနက်စ်ဂြိုဟ်သားများက ပြန်၍ လှောင်ပြုံးပြုံးသရော်နေကြသည်ကို
ကမ္ဘာဂြိုဟ်သားများ မသိရှာပေ။
အားနက်စ်ဂြိုဟ်မှအကြီးအကဲများက ဒေါ်မိုးထက်ထက်ဂွက်ထော်အား
သူတို့ဂြိုဟ်၏တက္ကသိုလ် ကြီးတွင် သင်္ချာပါမောက္ခအဖြစ် ခန့်ထားရန်
စီစဉ်ပြီးဖြစ်ပါသည်။
ဒေါ်မိုးထက်ထက်ဂွက်ထော်အား လိုက်ပါပို့ဆောင်သော အာကာသ
ယာဉ်ကြီးသည် တစ်နှစ်ကြာ မြင့်ချိန်တွင် အားနက်စ်ဂြိုဟ်ပေါ်သို့
ရောက်ရှိသွားလေ၏။
ထိုအခါ….. နားရွက်များရှည်လျား၍ နဖူးထိပ်တည့်တည့်၌ ဦးချိုတစ်ချောင်း
ပေါက်နေသော အားနက်စ်ဂြိုဟ်သားများသည် သူမအား အိုးစည်ဗုံမောင်း
များဖြင့် သောင်းသောင်းဖြဖြကြိုဆိုနေသည်ကို ဒေါ်မိုးထက်ထက်ဂွက်ထော်
တွေ့ကြုံလိုက်ရလေတော့သည်။
ပြီးပါပြီ ..............
Credit - ဆောင်းလုလင်
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment