Tuesday, 5 April 2016

ခေတ်သစ်စုန်းမအပိုင်း-၈

အပြည်ပြည်ဆိုင်ရာတရားရုံး၏ တရားသူကြီးအဖွဲ့ခေါင်းဆောင် မစ္စတာဝေါလေ့စ် 

ခေါင်းရှုပ် ဦးနှောက်ချောက်နေရသည့်ကိစ္စမှာ အထက်ပါကိစ္စပင် ဖြစ်ပေတော့သည်။ 

ဒေါ်မိုးထက်ထက်ဂွက်ထော်အား ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသူ၊ 

ကမ္ဘာဖျက် လက်နက်များ တီထွင်ထုတ်လုပ်နိုင်သည့် ဦးနှောက်ဉာဏ်ရှိသူအဖြစ် 

မည်သည့်ပြစ်ဒဏ်မျိုးပေးရမည်ကို စဉ်းစားမရအောင် ဖြစ်နေလေ၏။ 

အစိုးရိမ်ကြီး စိုးရိမ်လျက်ရှိကြသော အနုမြူလက်နက်ပိုင် ကမ္ဘာ့ထိပ်တန်းနိုင်ငံ 

အသီးသီးက လည်း ထိရောက်သောပြစ်ဒဏ်ပေးရန် မစ္စတာ ဝေါလေ့စ်ကို 

ဖိအားပေးလျက် ရှိပေသည်။ 

မစ္စတာဝေါလေ့စ်အဖို့ တရားခံအား မည်သို့သောပြစ်ဒဏ်မျိုး ပေးရမည်ကို 

စဉ်းစားမရအောင် ရှိလေသည်။ များစွာသော ဥပဒေအကြံပေးများ၏ အကြံဉာဏ်ကို

ရယူသည့်တိုင် ကျေနပ်လောက်သော အကြံဉာဏ်ကို မရခဲ့ချေ။ 

မစ္စတာဝေါလေ့စ်သည် ခေတ်ဟောင်းကာလမှ နိုင်ငံပေါင်းစုံ၏ စီရင်ထုံးများကို

ပြန်လည်လေ့လာ ရတော့၏။ ထိုအခါ စုန်းဟုစွပ်စွဲခံရသူများအား 

အပြစ်ပေးပုံအမျိုးမျိုးကို တွေ့ရှိရလေတော့သည်။ ၁၉ ရာစု ၂၀ ရာစုကာလ 

များတွင် အနောက်နိုင်ငံများ၌ စုန်းများအား မီးရှို့သတ်ဖြတ်ခြင်းပြုကြသည်ကို 

တွေ့ရလေ၏။ 

မစ္စတာဝေါလေ့စ်အဖို့ လူတစ်ယောက်အား သတ်စေအမိန့်ပေးလို့ မဖြစ်ပါပေ။ 

ယခုခေတ်တွင် သေမိန့်ပေးခြင်းမှာလည်း ပပျောက်သွားပေပြီ။ လူတစ်ယောက်အား 

သေစေခြင်းကို အလွန်တရာရိုင်းပျ သော အပြုအမူအဖြစ် သတ်မှတ်ကြလေသည်။ 

မစ္စတာဝေါလေ့စ်သည် ခေတ်ဟောင်းကာလက မြန်မာနိုင်ငံတွင် စုန်းဟု

ယိုးစွတ်ခံရသူများအား အပြစ်ပေးပုံကို သဘောကျမိလေ၏။ မြန်မာတို့၏ 

စုန်းများအားအပြစ်ပေးပုံမှာ “ရွာပြင်ထုတ်”ခြင်းပင် ဖြစ်သည်။ လူနေရပ်ရွာ 

လူ့အဖွဲ့အစည်းအတွင်း နေထိုင်ခွင့်မပေးဘဲ သီးခြားပ-ထားခြင်းဖြင့် အပြစ် 

ပေးအရေးယူခြင်းပင် ဖြစ်လေသည်။ 

သို့သော် ဒေါ်မိုးထက်ထက်ဂွက်ထော်အား “ရွာပြင်ထုတ်”နည်းဖြင့် အပြစ်ပေး

မည်ဆိုလျှင် မည်သည့်နေရာကို နှင်ထုတ်မည်နည်း။ စွပ်စွဲချက်များအရ 

ဒေါ်မိုးထက်ထက်ဂွက်ထော်သည် ကမ္ဘာ့ လူသားထုအားလုံးအား အန္တရာယ်

ပေးနိုင်သူ၊ လူသားထုတစ်ရပ်လုံး၏ ရန်သူဖြစ်နေ၏။ ကမ္ဘာပေါ်ရှိ မည်သည့်

နေရာ၊ မည်သည့်နိုင်ငံကမှ သူမကို လက်ခံမည်မဟုတ်ပေ။ 

အပြည်ပြည်ဆိုင်ရာတရားသူကြီး မစ္စတာဝေါလေ့စ်သည် ကမ္ဘာ့ကုလသမဂ္ဂ

အဖွဲ့ကြီးကို အကူ အညီတောင်းခံကာ သူ၏စိတ်ကူးကို တင်ပြရလေတော့၏။ 


----------


ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ဂြိုဟ်အသီးသီးမှ ကမ္ဘာပေါ်တွင် လာရောက်တာ 

ဝန်ထမ်းဆောင် နေကြသော သံအမတ်ကြီးများကို ဖိတ်ကြား ခေါ်ယူလိုက်

လေသည်။ 

ကမ္ဘာကြီးသည် စကြာဝဠာအတွင်းရှိ သက်ရှိများနေထိုင်သော ဂြိုဟ်အချို့နှင့် 

အဆက် အသွယ်ရခဲ့ပြီးဖြစ်ရာ ၎င်းဂြိုဟ်များပေါ်သို့ ကမ္ဘာပေါ်မှ သံအမတ်များ 

ခန့်အပ်စေလွှတ်ထားပြီးဖြစ်လေ သည်။ သက်ဆိုင်ရာဂြိုဟ် အသီးသီးမှလည်း 

ကမ္ဘာဂြိုဟ်ပေါ်သို့ ၎င်းတို့ဂြိုဟ်ဆိုင်ရာ သံအမတ်များ စေလွှတ်ထားပြီး ဖြစ်လေ

၏။ 

ကုလသမဂ္ဂအဖွဲ့ကြီးသည် လူနှင့် အသွင်သ္ဌဏာန်အနီးစပ်ဆုံး တူညီသော 

ဂြိုဟ်ဆယ်လုံးမှ သံအမတ်ကြီးများကို ဖိတ်ကြားလိုက်ခြင်း ဖြစ်လေသည်။ 

သံအမတ်ကြီးများအား ဒေါ်မိုးထက်ထက်ဂွက်ထော်နှင့် ပတ်သက်၍ ပြော

ကြားရာတွင် ပရိယာယ်ဆင်၍ အသိပေးပြောကြားခဲ့လေသည်။ 

ဒေါ်မိုးထက်ထက်ဂွက်ထော်သည် အလွန်တရာ ဦးနှောက်ဉာဏ်ရည်ထက်

မြက်သည့် မိန်းမ တစ်ယောက်ဖြစ်ကြောင်း၊ သူမမှာ တော်လွန်း တတ်လွန်း

သောကြောင့် သူမ၏အရည်အချင်းများမှာ ကမ္ဘာဂြိုဟ်နှင့် မတန်မမျှ ဖြစ်နေ

ကြောင်း၊ သူမအား အခြားသောဂြိုဟ်တစ်ခုခုဆီသို့ စေလွှတ်လိုကြောင်း၊ 

သူမသည် လက်ခံမည့်ဂြိုဟ်၏ ကောင်းကျိုးများကို ဆောင်ရွက်ပေးမည်ဖြစ်

ကြောင်း၊ ဒေါ်မိုးထက်ထက် ဂွက်ထော်အား လက်ခံနိုင်ပါက မိမိတို့ ကုန်ကျ

စရိတ်ဖြင့် သက်ဆိုင်ရာဂြိုဟ်ကို လိုက်ပါပို့ဆောင်ပေးမည် ဖြစ်ကြောင်း 

ကြေညာလိုက်လေ၏။ 

သံအမတ်ကြီးများက အချက်အလက်များကို မှတ်သားကာ ၎င်းတို့၏ 

မိခင်ဂြိုဟ်များဆီသို့ သတင်းပို့မေးမြန်းလိုက်ကြလေသည်။ 

တစ်ပတ်ကြာသည့်အချိန်တွင် အားနက်စ်အမည်ရှိဂြိုဟ်မှ သံအမတ်ကြီးက 

အကြောင်းပြန်ကြား လေ၏။ ဒေါ်မိုးထက်ထက်ဂွက်ထော်အား မိမိတို့ ဂြိုဟ်တွင် 

လက်ခံမည့်အကြောင်းပင် ဖြစ်လေသည်။ 

အပြည်ပြည်ဆိုင်ရာတရားသူကြီး မစ္စတာဝေါလေ့စ်သည် အားရဝမ်းသာဖြင့် 

ဒေါ်မိုးထက်ထက် ဂွက်ထော်အား အားနက်စ်ဂြိုဟ်သို့ “ဂြိုဟ်နှင်ဒဏ်”

ပေးကြောင်းအမိန့်ကို ချမှတ်လိုက်လေသည်။ 


------------------


ဇာတ်သိမ်းပိုင်းမျှော် ..............


Credit - ဆောင်းလုလင်



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment