ဒဏ်ရာကြောင့် 7 လလောက် အနားယူနေခဲ့ရတဲ့ မန်စီးတီး ကစားသမား နာဆရီဟာ မကြာခင် ပြန်ကစားနိုင်တော့မယ်လို့ သိရပါတယ်။
ပြင်သစ် ကွင်းလယ်ကစားသမားဟာ သူ့ရဲ့ညာဘက်ခြေထောက် ဒဏ်ရာကြောင့် ဒီရာသီမှာ စီးတီးအတွက် 2 ပွဲသာ ကစားပေးထားပြီး ဒီတစ်ပတ်မှာ ကစားမယ့် ဝက်ဘရွန်းနဲ့ပွဲစဉ်ကိုတော့ ပွဲထွက် ကစားသမားအဖြစ် ပါဝင်လာဖွယ်ရှိတယ်လို့ နည်းပြ ပယ်လီဂရီနီက ဆိုပါတယ်။
ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာတော့ စီးတီးနည်းပြက "နာဆရီက အသင်းလူစာရင်းမှာ ရှိနေသလို မနက်ဖြန်ပွဲမှာလဲ ပွဲထွက်စတင် ကစားနိုင်ပါတယ်။
သူ့ဒဏ်ရာက ကံတော်တော်ဆိုးလို့ကို ရခဲ့တာဗျာ။ လေ့ကျင့်ရေးကွင်းမှာ အပေါ့စား လေ့ကျင့်ခန်းလေး လုပ်နေရင်း ရတာ။ သူက ဘောလုံးကို ကန်လိုက်တော့ သူ့ပေါင်ထဲက နဲနဲ နာတယ်ဆိုလို့ စစ်ဆေးကြည့်တော့ ဒဏ်ရာက တော်တော်ဆိုးနေတာ တွေ့လိုက်ရတာ။
အခုတော့ သူပြန်လာလို့ ဝမ်းသာနေတာပါ။ အရင်လိုခြေစွမ်းပြမယ်လို့လဲ မျှော်လင့်ပါတယ်။ တကယ်တော့ သူ့ဒဏ်ရာက ဆရာဝန် မျှော်လင့်ထားတာထက် ပိုစောပြီးသက်သာလာတာလေ။ ဒါကြောင့်မို့ ကျနော်က ချန်ပီယံလိဂ်လူစာရင်းမှာ သူ့ကိုမထည့်ခဲ့တာပါ" လို့ ပြောပြ သွားခဲ့ပါတယ်။
Credit – sport myanmar
အောင်မြင့်မြတ်(Myanmar Youths)
Labels
- ကဗျာ (71)
- ကျန်းမာရေးဗဟုသုတ (158)
- ချစ်မှုရေးရာ (45)
- စာအုပ်စင် (14)
- နည်းပညာ (223)
- ပညာပေး သင်ခန်းစာ (3)
- ပညာရေး (6)
- ဗဟုသုတ (242)
- ဘာသာရေး (2)
- ဝတ္ထုတို (36)
- ဟာသ (117)
- အလှအပရေးရာ (1)
- ဆောင်းပါးများ (111)
- ပြည်ခိုင်ဖြိုး သတင်း (4)
Friday, 8 April 2016
ကြံ့ခိုင်မှုအပြည့်ဖြင့်နာဆရီပြန်လာတော့မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment