၁) ဖုန်းကိုပါဝါပိတ်လိုက်ပါ။ တကယ်လို့ သင့်အနေနဲ့ ပိတ်မထားဘူးဆိုရင်တော့ အရင်ဆုံး အမြန်ဆုံးပြုလုပ်ရမှာပါ။
၂) တကယ်လို့ သင့်ဖုန်းက ဘက်ထရီအသေအမျိုးအစားဆိုရင် သင့်အနေနဲ့ Slot ပေါက်တွေထဲက SIM ကတ်နဲ့ MicroSD ကတ်တွေကို ဖယ်ထုတ်ပစ်လိုက်ပါ။
၃) ဖယ်ထုတ်လို့ရတဲ့ ဘက်ထရီအမျိုးအစားဆိုရင်တော့ ဘက်ထရီကိုဖယ်ထုတ်ပြီး အထဲက SIM ကတ်ရယ် microSD ကတ်ရယ်ကိုဖယ်ထုတ်ပစ်လိုက်ပါ။
၎) ပြီးသွားရင်တော့ ရေစုပ်နိုင်တဲ့ အဝတ်စ၊ အင်္ကျီ၊ ဒါမှမဟုတ် တစ်ရှုးတာဝါ ခပ်သန့်သန့်ကိုယူပြီး ဖုန်းကိုခြောက်နေအောင်သုတ်ပေးရမှာဖြစ်ပါတယ်။ ရေတွေကို အရမ်းစိုနေတဲ့နေရာတွေမှာ အတွင်းကိုတွန်းပို့သလို ဖြစ်သွားမှာစိုးလို့ ပွတ်သုတ်တာထက် ဖြည်းဖြည်းဖြည်းဖြည်းချင်း ညင်သာစွာစုပ်ယူတာက ပိုအဆင်ပြေစေနိုင်ပါတယ်။
၅) တကယ်လို့ ရေစိုတာက ပိုပြီးများပြားနေတယ်ဆိုရင် သင့်အနေနဲ့ ဖုန်စုပ်စက်ကို ဂရုတစိုက်ကိုင်တွယ်ပြီး အကြောင်းလေးတွေမှာဝင်နေတဲ့ ရေတွေကိုဖြည်းဖြည်းချင်း စုပ်ထုတ်နိုင်ပါတယ်။ ကားတွေမှာသုံးတဲ့ Vacuum လေးတွေလဲရပါတယ်။ စုပ်ထုတ်ရုံအနေအထားလောက်ပဲ အသုံးပြုရမှာပါ။
၆) ပြီးရင် သင့်အနေနဲ့ ဖုန်းကိုဆန်အိုးထဲ ထည့်မြုတ်ထားလိုက်တာက အဖြေတစ်ခုပါပဲ။ ဆန်ဟာ ရေစုပ်ယူမှုအားကောင်းတဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ရေခြောက်သွားတာနဲ့ တစ်ခါထဲ ဆန်အိုးထဲထည့်ထားလိုက်ပါ။
၇) သင့်ဖုန်းကို တစ်ရက်နှစ်ရက်လောက် ဒီတိုင်းအခြောက်ခံထားလိုက်ပါ။ အလုပ်လုပ်ရဲ့လားဆိုပြီး သွားမဖွင့်ကြည့်ပါနဲ့။ သင့် SIM ကတ်တွေ၊ SD ကတ်တွေကို တခြားဖုန်းအဟောင်းတစ်လုံးထဲ ပြောင်းထည့်ထားလိုက်ပါ။ အနည်းဆုံးတော့ ရေစိုနေတဲ့ဖုန်းကို တစ်ရက်လောက်တော့ အခြောက်ခံထားလိုက်ပါ။
၈) တစ်ရက်၊ နှစ်ရက်ကြာလို့ရှိရင်တော့ သင့်အနေနဲ့ ဆန်အိုးထဲကပြန်ထုတ်လို့ရပါပြီ။ ဘက်ထရီကိုပြန်တပ်ပြီး ပါဝါဖွင့်ကြည့်လိုက်ပါ။
၉) တကယ်လို့ သင့်ဖုန်းကပြန်မပွင့်လာဘူးဆိုရင် အားသွင်းကြည့်လိုက်ပါ။ အားမသွင်းဘူးဆိုရင် သင့်ဘက်ထရီဟာ ထိခိုက်နိုင်လို့ဖြစ်ပါတယ်။ အဲ့ဒါမှမပွင့်လာဘူးဆိုရင်တော့ သင့်အနေနဲ့ ဘက်ထရီအသစ်လဲဖို့ ကြိုးစားသင့်ပြီး မဟုတ်ဘူးဆိုရင်အနီးဆုံးဖုန်းဆိုင်ကိုသွားပြီး ပြင်ဆင်သင့်ပါတယ်။
၁၀) တကယ်လို့ သင့်ဖုန်းကပွင့်လာပြီး အလုပ်လုပ်သင့်သလောက်လုပ်တယ်ဆိုရင်တော့ မသုံးသေးပဲ တစ်ရက်လောက်ထားကြည့်ပြီးမှ သုံးသင့်ပါတယ်။ ပြီးရင်တော့ သင့်အနေနဲ့ အရင်အတိုင်းကောင်းမွန်စွာ အလုပ်လုပ်မလုပ်ကို သီချင်းတွေဖွင့်တာ၊ အင်တာနက်ဖွင့်ပြီးသုံးကြည့်တာ၊ စခရင်အခြေအနေ စတာတွေကို စေ့စေ့ငုငု ကြည့်ပြီး၊ အလုပ်လုပ်တယ်ဆိုရင်တော့ သင့်ဖုန်းဟာဘာမှမထိခိုက်ပါဘူး။
နောက်ပိုင်းကျရင်တော့ ဖုန်းကို ရေထဲပြုတ်မကျအောင် သတိထားပြီး ရေကူးကန်နားယူသွားတာတွေ၊ ရေချိုးခန်းထဲယူသွားတာတွေကို အတတ်နိုင်ဆုံးရှောင်သင့်ပါတယ်။
Credit – Digital Time
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment