Tuesday, 12 April 2016

သင်္ကြန်မှာသင့်ဖုန်းရေစိုသွားရင် ဘယ်လိုအမြန်ဆုံးအလွယ်တကူပြုပြင်မလဲ

ယခုအခါ မြန်မာတို့ရဲ့အပျော်ရွှင်ရဆုံးပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သင်္ကြန်ပွဲတော်ဟာ ရေတွေနဲ့ဆော့ကစားတဲ့အခါမှာ သင့်ရဲ့လက်ထဲမှာ အမြဲတမ်းပါနေတဲ့ စမတ်ဖုန်းကရေစိုတာတွေ၊ ရေထဲပြုကျတာတွေဖြစ်နိုင်တာပေါ့။ အဲ့ဒီအပြင် သင့်ရဲ့ စမတ်ဖုန်းဟာလည်း အလွယ်တကူ ရေနဲ့ထိမိတာ ရေစိုသွားတာဆိုတာက အချိန်မရွေးဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် သင့်ဖုန်းရေစိုတာကို အလွယ်တကူပြင်ဆင်နိုင်ဖို့ သင့်အနေနဲ့ လွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးတွေသိထားဖို့ လိုအပ်ပါတယ်။ ဒီ Article လေးမှာတော့ သင့်အနေနဲ့ ဖုန်းရေစိုထိခိုက်မိတဲ့အခါ အလွယ်တကူ အမြန်ဆန်ဆုံး ပြင်ဆင်နိုင်မယ့် နည်းလမ်းဆယ်မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

တကယ်လို့ဖုန်းက ရေထဲကိုကျသွားတဲ့အခါသင့်အနေနဲ့ အမြန်ဆုံး ရေထဲကနေထုတ်လိုက်ဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဖုန်းကရေထဲမှာရှိနေတာကြာလေ ရေကဝင်ဖို့အတွက် ပိုမိုအခြေအနေများလေ ဖြစ်ပါတယ်။ ရေထဲကနေ ထုတ်ပြီးတာနဲ့ သင်ချက်ချင်းလုပ်ဖို့လိုတဲ့ အရာတချို့ရှိပါတယ်။ ပြီးတော့ အောက်မှာဖော်ပြထားတဲ့ အရာတွေကတော့ သင့်အနေနဲ့ မပြုလုပ်သင့်ဘဲ ရှောင်ရှားသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

မလုပ်ဆောင်ရမည့်အရာများ

ဖုန်းကိုပါဝါမဖွင့်ပါနဲ့

ဘယ်ခလုတ်မှ အတတ်နိုင်ဆုံးမနှိပ်မိအောင်ရှောင်ရှားပါ။

ဖုန်းကို မခါပါနဲ့၊

လေနဲ့မမှုတ်ပါနဲ့ ဒီလိုလုပ်တာက စိုနေတဲ့ ရေတွေကို ဖုန်းထဲရောက်အောင်ပို့နေသလိုဖြစ်နေလို့ ပိုပြီးထိခိုက်စေတတ်ပါတယ်။

အပူမပေးပါနဲ့။ (ဒရိုင်ယာနဲ့မှုတ်တာ၊ မိုက်ခရိုဝေ့ဖ်ထဲထည့်တာတွေအပါအဝင်)

အအေးလဲမခံပါနဲ့ (ရေခဲသေတ္တာထဲ ထည့်ထားတာ)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment