Thursday, 14 April 2016

ပေးကမ်းသူနှင့်တောင်းခံသူကြိုက်ရာရွေးပါ




ပေးကမ်းသူနဲ့ တောင်းခံသူ.....ကြိုက်ရာရွေးပါ

ချစ်ခြင်းမေတ္တာကို တောင်းခံရသူမဖြစ်ပါစေနဲ့….
ချစ်ခြင်းမေတ္တာကို ပေးကမ်းရသူသာဖြစ်ပါစေ….

သူများတွေဆီက ချစ်ခြင်းကိုခံရဖို့အတွက် မျှော်လင့်တောင့်တနေ ခြင်းက ကိုယ့်ကိုကိုယ်ပြန်သတ်နေသလိုပါပဲ။
မျှော်လင့်ထားသလို အချစ်မခံရ တဲ့ အချိန်ကျ ခံစားရတဲ့ခံစားမှုက ကိုယ့်အတွက် ဆင်းရဲ သောကပူ လောင်မြိုက် 
ရတတ်ပါတယ်။ ဒီ့အတွက် ချစ်ခြင်းမေတ္တာကို တောင်းယူသူမဖြစ်ပါစေနဲ့။

သူများတွေဆီ ချစ်ခြင်းမေတ္တာတွေ ပေးတတ်တဲ့သူကတော့ အမြဲလို အေး ချမ်းနေပါလိမ့်မယ်။ ကိုယ့်ကိုပြန်မချစ်ရင်လည်း နေပါစေ။
ကိုယ်ကပဲ ချစ်ခြင်းမေတ္တာတွေ ပေးရလို့ပါပဲ။ မျှော်လင့်ချက်မရှိ၊ လိုချင်တပ်မက်ခြင်းလည်း မရှိတဲ့ ချစ်ခြင်းတွေပေးရတဲ့အတွက်
ကိုယ့်ဆီမှာ သောကလည်းရောက် စရာမ လို၊ ပူလောင်မှုတွေလည်းမရှိတော့ပါဘူး။ ဒီ့အတွက် ချစ်ခြင်းမေတ္တာ ကို ပေးကမ်းသူပဲ ဖြစ်ပါစေ။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment