ပျော်ရွှင်တယ်ဆိုတာ လူတိုင်းမျှော်လင့်တဲ့အရာပါပဲ ...
ဒါပေမယ့် စစ်မှန်တဲ့ပျော်ရွှင်ခြင်းကိုရဖို့လည်း လိုချင်သေးတယ်လေ ...
တကယ်တမ်းပျော်ရွှင်မှုကိုရဖို့က ငွေနဲ့ပေးဝယ်လို့လည်းမရဘူး ...
ရင်ထဲကလာတဲ့ အပျော်တွေစစ်မှန်ဖို့က ဘယ်လောက်ပေးပေးမရပါဘူး...
ပျော်ရွှင်ဖို့အတွက်ကိုလည်း ဖန်တီးယူလို့မရပါဘူး ...
ကိုယ့်အပျော်အတွက်သာ ဖန်တီးလို့မရတာ ... သူများတွေပျော်ရွှင်ဖို့ကိုတော့
စွမ်းဆောင်ပေးနိုင်ပါတယ် ...
ကိုယ့်ကြောင့်သူများပျော်ရွှင်ရတယ်ဆိုရင် ဘယ်လောက်ဝမ်းသာစရာ
ကောင်းသလဲ ...
အဲ့ဒီအခါဆိုရင်တော့ ပျော်ရွှင်ခြင်းဆိုတာကို ငွေပေးဝယ်ဖို့မလိုဘဲ
ကိုယ့်ဆီကိုပါကူးစက်လာနိုင်မှာပါ ... စစ်မှန်တဲ့အပျော်တွေရဖို့ .. စိတ်ရင်းမှန်နဲ့
သဘောထားနိုင်မှသာ ဖြစ်မှာပါ ...
မုန်း (BeeTalk)
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment