အက်သလက်တီကို ၁-၀ ဘိုင်ယန်မြူးနစ်
အက်သလက်တီကိုအသင်းက ဆာအူလ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ရခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက ပွဲကို အနည်းငယ်စိုးမိုးနိုင်ခဲ့ပေမယ့်
ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းရာမှာ ကျွမ်းကျင်တဲ့ အက်သလက်တီကို အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို ပြန်သတိထားနေရပါတယ်။
နှစ်သင်းစလုံးက တစ်သင်းကိုတစ်သင်း ခပ်မာမာဟန့်တားမှုတွေ ပြုလုပ်ခဲ့လို့ ပွဲကအနည်းငယ် ကြမ်းခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်က အလာဘာရဲ့ ကန်ချက် ဘားတန်းထိထွက်ခဲ့သလို၊
ဒုတိယပိုင်းမှာ အက်သလက်တီကိုတိုက်စစ်မှူး တောရက်စ်ရဲ့ ကန်သွင်းချက် တိုင်ခြေထိထွက်ခဲ့လို့လည်း ဆာအူလ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့သာ ပွဲက အဆုံးသတ်ခဲ့တာပါပဲ။
အက်သလက်တီကိုအသင်းရဲ့ အနိုင်ဂိုးကို ဆာအူလ်က (၁၁)မိနစ်မှာ တစ်ကိုယ်တော်အစွမ်းနဲ့ ကျော်ဖြတ်ကာ လှလှပပ အဆုံးသတ်ပေးခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းက ဒုတိယပိုင်းမှာ ရီဘာရီ၊ မူလာတို့ကို ထည့်သွင်းခဲ့ပေမယ့် တိုက်စစ်ကစားပုံသိပ်မထူးခြားခဲ့ပါဘူး။
အက်သလက်တီကို ဂိုးသမား အိုဘလက် တည်ငြိမ်မှုအပြည့်နဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အခွင့်အရေးတွေကို တားဆီးနိုင်ခဲ့တာကလည်း အက်သလက်တီကို ဂိုးပြန်မပေးခဲ့ရတာပါ။
Credit – eleven sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment