Saturday, 9 April 2016

ဘယ်တော့မှမလောနဲ့

- ဘယ်လောက်ပဲ စိတ်တိုင်းမကျပါစေ  အလောတကြီးအပြစ်မမြင်ပါနဲ့ ..

- ဘယ်လောက်ပဲသဘောကျပါစေ အလောတကြီး ချီးမွမ်းမစောပါနဲ့ ..

- ဘယ်လောက်ပဲဒေါသဖြစ်နေပါစေ အလောတကြီးမတုန့်ပြန်ပါနဲ့ ..

- ဘယ်လောက်ပဲ ခံရခက်နေပါစေ အလောတကြီးမျက်နှာမပျက်ပါနဲ့ ..

- ဘယ်လောက်ပဲ ငိုပြနေပါစေ အလောတကြီးမသနားမိစေနဲ့ ..

- ဘယ်လောက်ပဲခြိမ်းခြောက်နေပါစေ အလောတကြီးကြောက်ရွံ့မသွားပါနဲ့ ..

- ဘယ်လောက်ပဲစိတ်ပျက်နေပါစေ အလောတကြီးအရှုံးမပေးပါနဲ့ ..

- ဘယ်လောက်ပဲစိတ်ဝင်စားနေပါစေ အလောတကြီးအမူယာမပိုပါနဲ့ ..

- ဘယ်လောက်ပဲယုံအောင်ပြောနေပါစေ အလောတကြီးလက်မခံပါနဲ့ ..

- ဘယ်လောက်ပဲ ဖိအားတွေပေးပေးအလောတကြီးခေါင်းမညိမ့်ပါနဲ့ ..

- ဘယ်လောက်ပဲအရေးကြီးနေပါစေ မစူးစမ်းမဆင်ခြင်ပဲဘာမှမလုပ်ပါနဲ့ ..

- ဘာကိစ္စပဲကြုံကြုံ ကိုယ့်အတွက်စဉ်းစားဖို့ ဆုံးဖြတ်ဖို့ အချိန်နည်းနည်းတော့ပေးပါ ..

သို့သော်မတွေဝေပါနဲ့ ..


Credit - မောင် (စွယ်စုံကျမ်း)






အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment