Saturday, 9 April 2016

ကျန်းမာပျော်ရွှင်သောဘဝရစေဖို့

၁) နေမထွက်ခင် အိပ်ယာထပါ။

၂) မနက်စာကို မလွတ်ပါစေနဲ့။

၃) နေ့စဉ် လေ့ကျင့်ခန်း( ၁ )နာရီလောက် လုပ်ပါ။

၎) တစ်နေ့မှာ အနည်းဆုံး ရေ ၅ ကြိမ်သောက် ပြီး တစ်ကြိမ်လျှင် 

ရေနှစ်ခွက်သောက်ပါ။

၅) အိမ်တွင် ချက်ပြုတ်စားပါ။

၆) အင်တာနက် အကြည့်လျှော့ပါ။

၇) တစ်နာရီလောက် လမ်းသွက်သွက်လျှောက်ပါ။

၈) အာဟာရမပြည့်ဝသော

အသင့်စား အစားသောက်များကို မစားပါနှင့်။

၉) အိပ်ချိန် ၈နာရီ ရအောင် အိပ်ပါ။

၁၀) နောက်မှလုပ်မယ်၊ မနက်ဖြန်မှလုပ်မယ်ဆိုပြီး အချိန်မဆွဲပါနဲ့၊ 

အခုချက်ချင်း လုပ်ပါ။

၁၁) ဖြစ်နိုင်လျှင် အလုပ်ကို စက်ဘီးဖြင့်သွားပါ။

၁၂) လှေကားအတက်အဆင်း လုပ်ပါ။

၁၃) လက်ဖက်စိမ်း တစ်ခွက်သောက်ပါ။

၁၄) ၁၀မိနစ်လောက် အားရပါးရ ရယ်ပါ။

၁၅) ယောဂ ကျင့်ပါ။

၁၆) ၁၀မိနစ်လောက် အသက်ဝဝရှူပါ။

၁၇) မြက်ခင်းပေါ် ခြေဗလာဖြင့်လျှောက်ပါ။

၁၈) သကြား တစ်ဇွန်းလောက် ပါအောင်စားပါ။

၁၉) အစိမ်းရောင် ပါတဲ့ အသီးအနှံတွေကိုစားသုံးပါ။

၂၀) သူငယ်ချင်းဟောင်း၊ မိတ်ဆွေဟောင်းတွေထံ ဖုန်းဆက်ပါ။


Credit - Sky‬'s Nova




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment