Software ဖန်တီးမှုသည် bug များကို ဆက်တိုက်ရှင်းလင်းနေရသောကိစ္စဖြစ်ပြီး ပြီးပြည့်စုံသော software ဟူ၍လည်းမရှိနိုင်ပေ။ Apple သည်လည်း အခြား software ထုတ်လုပ်သူများနည်းတူ နောက်ဆုံးထုတ်လုပ်ခဲ့ သော iOS 9.3 update တွင် ပြဿနာကြုံတွေ့နေရပြီဟုယူဆရပြီး devices အဟောင်းများအတွက် update ပေးနေခြင်းကိုရပ်တန့်ခဲ့သည်။ Apple ၏ ပြဿနာမှာ update လုပ်ငန်းစဉ်တွင်ဖြစ်ပုံရပြီး သုံးစွဲသူအချို့၏ မေ့ လျော့မှုကြောင့်လည်းဖြစ်ရခြင်းဟု ယူဆရသည်။ Device အဟောင်းများတွင် update ပြုလုပ်ရန် iCloud credentials အား ထည့်သွင်းပေးရပြီး မထည့်သွင်းခင် (သို့) သတိမရပါက device အား သုံးစွဲနိုင်မည် မဟုတ်ပေ။ Apple မှ iTunes နှင့် sync ချိတ်ဆက်ကာ ထိုနေရာမှ redentials အား ရယူနိုင်ရန် လမ်း ကြောင်းကို တရားဝင်ပြုလုပ်ထားပြီး device အဟောင်းများ (iPhone 5S, iPad Air နှင့် အစောပိုင်း device များ) အတွက် ပြဿနာဖြစ်လာပါက စမ်းသပ်သုံးစွဲနိုင်မည်ဖြစ်သည်။ Apple မှ ရက်များ မကြာမီ device အဟောင်းများ၌ပါ အဆင်ပြေစေမည့် iOS 9.3 အား ထုတ်လုပ်ပေးသွားမည်ဟုဆိုထားပြီး လက်ရှိတွင်မူ ထို device များအတွက် update အား ရပ်တန့်ထားခဲ့သည်။
credit-netguide journal
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment