Saturday, 9 April 2016

USB Type C adapter ကိုသုံးပါက ၆၄% ပိုမိုအားဖြည့်သွင်းနိုင်



Apple ၏ မကြာမီကပြုလုပ်သွားခဲ့သော မတ်လ event တွင် accessories အသစ်များကိုလည်း ပြသသွားခဲ့ပြီး ထိုအထဲတွင် USB Type-C to Lighting Adapter (၂၅ ဒေါ်လာ) သည် Macbook အား သုံးကာ idevice များကို အားသွင်းယူနိုင်မည်ဖြစ်သည်။ ထိုကြိုးအသစ်နှင့်အတူ Apple သည် USB Type-C power brick ကို လည်း 29 W ဖြင့် ထုတ်လုပ်ခဲ့သည်။ 

သတင်းကောင်းမှာ ထိုပစ္စည်းနှစ်ခုကိုပေါင်းသုံးပါက iPad Pro 12.9" နှင့် ကောင်းစွာတွဲဖက်နိုင်ခြင်းဖြစ်သည်။ မူလပါလာသည့် 12W charger ထက် ဘက်ထရီအား ပိုမိုလျင်မြန်စွာ အားဖြည့်သွင်းပေးနိုင်ပြီး မိနစ် ၂၀ အတွင်း ၅% သာ မူလ charger မှ အားသွင်းနိုင်ချိန်တွင် USB Type-C  Adapter မှ ထိုအချိန်အတွင်း ၁၄% ထိ အားသွင်းနိုင်သည်ဟုတွေ့ရှိထားသည်။ ထို့ကြောင့် 12W power brick ထက် ၆၄% ၀န်းကျင် ပိုမိုမြန်ဆန် သည်ဟု သတ်မှတ်နိုင်သည်။

Apple မှ ဒေါ်လာ ၈၀၀ tablet တွင် ပိုမိုမြန်ဆန်သော adapter အား ထည့်သွင်းပေးခြင်းမရှိဘဲ ယခုပဲ ၇၅ ဒေါ်လာဖြင့် သီးသန့်ထပ်မံထုတ်လုပ်ရောင်းချခဲ့ခြင်းဟု ယူဆနိုင်သည်။ 12" MacBook ကို ပိုင်ဆိုင်ထားပါက MacBook မှ charger သည် Apple ၏ ဒေါ်လာ  ၅၀ တန် 29 W USB Type-C charger နှင့် တူညီမည်ဖြစ် သည်။ သို့သော် USB Type C to Lighting  adapter ကိုမူ ၀ယ်ယူရမည်ဖြစ်သည်။

credit-Netguide journal



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment