Saturday, 2 April 2016

ခေတ်သစ်စုန်းမအပိုင်း - ၆


ဒေါ်မိုးထက်ထက်ဂွက်ထော် ဂဏန်းသင်္ချာများကို ကွန်ပျူတာအသုံးမပြုဘဲ 

တွက်တတ်နေခြင်းမှာ ယခုခေတ်တွင် အလွန်ထူးဆန်းနေပေ၏။ 

ကွန်ပျူတာများ ပေါပေါလှိုင်လှိုင် အသုံးမပြုနိုင်သေးသည့် ၂၀ ရာစုနှင့် 

၂၁ ရာစုလို လွန်ခဲ့သော နှစ်ပေါင်းလေးငါးရာတုန်းကဆိုလျှင် ဤကိစ္စသည် 

ထူးဆန်းမည်မဟုတ်။ ဒေါ်မိုးထက်ထက်ဂွက်ထော် တတ်ကျွမ်းနေသောပညာ

ရပ်မှာ ယခုခေတ်အမြင်ဖြင့်ကြည့်လျှင် ရှေး ဟောင်းအတတ်ပညာတစ်ခုသာ

ဖြစ်သည်။ ဂမ္ဘီရဆန်သော ဂန္ဓာရီအတတ်ပညာတစ်ခုဟု အများကယူဆ 

လေသည်။ 

ထို့ပြင် ရှေးဟောင်းပညာများကို လေ့လာလိုက်စားနေသော ဒေါ်မိုးထက်ထက်ဂွက်

ထော်ကို လည်း ကြောက်ရွံ့ထိတ်လန့်လာကြလေသည်။ စက္ကူများပေါ်တွင် 

ကလောင်တံဖြင့် စာရေးခြင်း၊ ကိန်း ဂဏန်းများအား စက္ကူပေါ်ရေးချတွက်ချက်

ခြင်းများကို ကြည့်၍ ထူးဆန်းသောအပြုအမူအတွက် စိုးရိမ် ကြောင့်ကျစိတ်များ 

ဝင်လာကြလေသည်။ လူတစ်ယောက် စက္ကူပေါ်တွင် စာရေးသည့်မြင်ကွင်းကို 

ရှေး ခေတ်ဟောင်း အရုပ်ကားချပ်များ၊ ဓာတ်ပုံများ၊ ဟောင်းနွမ်းဆွေးမြေ့နေ

သော ရုပ်ရှင်ကားအဟောင်း များတွင်သာ မြင်ဖူးကြသည်။ ရှေးရိုးဆန်လှစွာ

 စာရွက်ပေါ်တွင် ရေးခြစ်တွက်ချက်နေသည့် မြင်ကွင်းကို ကြည့်၍ 

အများပြည်သူကို မကောင်းကြံစည်နေသည် (သို့မဟုတ်) ပြုစားရန် 

ကြံစည်နေသည်ဟု ယူဆလာကြလေ၏။ 


ယင်းသို့ဖြင့် ဒေါ်မိုးထက်ထက်ဂွက်ထော်အား ဝမ်းတွင်းစုန်းဟု 

ယိုးစွတ်သူများ ရှိလာခဲ့လေသည်။ 

လူထုအများစု၏ ထင်မြင်ချက်နှင့် စွပ်စွဲချက်များကို မျက်ကွယ်ပြု၍ 

မရသော အာဏာပိုင်များ သည် ဒေါ်မိုးထက်ထက်ဂွက်ထော်အား 

ခေါ်ယူစစ်ဆေးရလေတော့သည်။ 

မြို့နယ်အာဏာပိုင်များ စစ်ဆေးပြီးသည့်အခါ ဒေါ်မိုးထက်ထက်ဂွက်ထော်အား 

အစိုးရက ခေါ်ယူစစ်ဆေးပြန်သည်။ 

ဒေါ်မိုးထက်ထက်ဂွက်ထော်ကလည်း ရိုးသားစွာပင် သူမ တတ်ကျွမ်း

ထားသမျှကို တင်ပြခဲ့ပေ၏။ 


“ခင်ဗျားဟာ ဂဏန်းသင်္ချာတွေကို ဘာကြောင့် လက်တန်းတွက် 

တတ်နေသလဲ” 


“ကျွန်မ လေ့လာထားလို့ပါ။ အားလုံးကို လက်တန်းမတွက်တတ်ပါဘူး။ 

ခုဂဏန်းနဲ့ ဆယ် ဂဏန်းလောက်ကိုသာ စိတ်နဲ့တွက်နိုင်တာပါ။ ဂဏန်းသုံးလုံး

ထက်ပိုရင်တော့ စာရွက်ပေါ်မှာချရေးပြီး တွက်ချက်မှရပါတယ်ရှင့်” 


“ခင်ဗျားဟာ ခက်ခဲနက်နဲတဲ့ ဒီပညာတွေကို ဘာကြောင့်လေ့လာနေတာ

လဲ။ ကွန်ပျူတာ တစ်ချက်နှိပ်ရုံနဲ့ အဖြေရနိုင်တဲ့ပုစ္ဆာတွေကို စက္ကူဖိုးတွေ 

အကုန်အကျခံပြီး အဆင့်ဆင့်တွက်ချက်နေတာ ဘာသဘောနဲ့လဲ” 


“ကျွန်မ သင်္ချာတွက်ရတာ ပျော်လို့ပါရှင်” 


“ခင်ဗျားဟာ လူအများ ကွန်ပျူတာနှိပ်မှ အဖြေရတဲ့ ကတ်သီးကတ်သတ် 

ပုစ္ဆာတွေကိုလည်း အလွယ်တကူ တွက်နိုင်တယ်လို့ သိရတယ်၊ ခင်ဗျားကို 

ဉာဏ်စမ်းပုစ္ဆာတစ်ချို့ မေးပါရစေလား” 


“မေးပါရှင်။ ကျွန်မ ကြိုးစားဖြေကြည့်ပါ့မယ်” 


“အမဲသားတစ်ပိဿာကို ၅ ကျပ်ပေးရတယ်ဗျာ။ တစ်ပိဿာနဲ့ ၂၅ 

ကျပ်သားဆို ဘယ်လောက် ကျမလဲ” 


“တစ်ပိဿာကို ၅ ကျပ်ဆိုတော့ ပိဿာဝက်က ၂ ကျပ်ခွဲ၊ ၂၅ ကျပ်သားဆိုတာ 

ပိသာဝက် ရဲ့တစ်ဝက်ဆိုတော့ ၁ ကျပ်နဲ့ ၂၅ ပြားပေါ့” 


အစိုးရအရာရှိများသည် ဒေါ်မိုးထက်ထက်ဂွက်ထော် တွက်ချက်နေပုံများကို 

အံ့ဩတကြီး စိုက် ကြည့်နေကြသည်။ ဒေါ်မိုးထက်ထက်ဂွက်ထော်၏ 

တွက်ပုံတွက်နည်းများကို သူတို့ လိုက်မမီကြပါချေ။ 


“၂၅ ကျပ်သားဖိုးက ၁ ကျပ်နဲ့ ၂၅ ပြား၊ တစ်ပိသာဖိုး ၅ ကျပ်နဲ့ပေါင်းတော့ 

၆ ကျပ်နဲ့ ၂၅ ပြားပါရှင်” 


ဒေါ်မိုးထက်ထက်ဂွက်ထော်က အဖြေပေးလိုက်သည်နှင့် အစိုးရအရာရှိ

မင်းများသည် ကွန်ပျူတာ များကိုနှိပ်ကာ ပုစ္ဆာ၏အဖြေကိုရှာလေ၏။ 

အဖြေမှာ ဒေါ်မိုးထက်ထက်ဂွက်ထော် နှုတ်တိုက်တွက်၍ ပေး လိုက်သော 

အဖြေအတိုင်း ဖြစ်နေလေသည်။ 

အရာရှိများက သက်ပြင်းကိုချလိုက်သည်။ ထို့နောက် အခြားခက်ခဲသောပုစ္ဆာ

များကို မေးပြန်၏။ ဒေါ်မိုးထက်ထက်ဂွက်ထော်သည် မေးသမျှကို ဖြေနိုင်သည်။ 

ကိန်းဂဏန်းကြီးမားသည့်အတွက် အချက် များကိုသာ စာရွက်ပေါ် ချရေး၍ 

တွက်ချက်စရာလိုပေ၏။ အဖြေကို အလွယ်တကူ ထုတ်ပေးနိုင်သည် 

ချည်း ဖြစ်လေသည်။ 


“ဒေါ်မိုးထက်ထက်ဂွက်ထော် ခင်ဗျားဟာ ရာဂဏန်းထောင်ဂဏန်းလို 

ကိန်းများတဲ့ပုစ္ဆာတွေကို လည်း အလွယ်တကူတွက်နိုင်တယ်နော်။ အဲဒီလောက် 

ကိန်းများတဲ့ အလီတွေကိုလည်း ခင်ဗျားအလွတ် ရတာပဲလား” 


“တွက်တတ်ရင် ရာအလီ ထောင်အလီတွေ ရစဂာမလိုဘူးရှင့်။ ကျွန်မ

တွက်နည်းက ဒီလို။ မြှောက်မယ့်ကိန်းဂဏန်း ၂ ခုကို အထက်အောက် 

ချရေးလိုက်တယ်။ မြှောက်တော့ တစ်လုံးချင်း မြှောက်တယ်။ ထွက်လာတဲ့

အဖြေ ၂ တန်းကိုပြန်ပေါင်းတာပါ။ လူကြီးမင်းကြိုက်တဲ့ ဂဏန်းတွဲသုံးလေး 

လုံးပါတဲ့ နံပါတ် ၂ ခုကိုပြောလိုက်ပါ။ ကျွန်မ လက်တွေ့မြှောက်ပြပါ့မယ်” 


နမူနာမြှောက်ခိုင်းသည့် ၃၁၅၂ နှင့် ၂၈ တို့၏ မြှောက်လဒ်အဖြေကို 

ဒေါ်မိုးထက်ထက် ဂွက်ထော်က စာရွက်ပေါ်တွင် တွက်ချက်ပြလိုက်သည်။ 

သို့သော် ကြည့်ရှုစစ်ဆေးနေသူ လူကြီးအားလုံး လိုက်မမီပါ။ နားမလည်ပါ။ 

စစ်ဆေးသူလူကြီးများသည် ဒေါ်မိုးထက်ထက်ဂွက်ထော်ကို ကြည့်ရင်း 

ထိတ်လန့်ကြောက်ရွံ့လာ ကြသည်။ 


“ဒေါ်မိုးထက်ထက်ဂွက်ထော်၊ ခင်ဗျားဟာ သာမန်လူမဟုတ်ဘူး” 


“အို ...” 


“ခင်ဗျားဟာ အများစွပ်စွဲသလို စုန်းတစ်ယောက်ပဲ” 


“ရှင် ...” 


“ခင်ဗျားဟာ စုန်းမတစ်ကောင်ဆိုတာ ထင်ရှားနေပြီ ဒေါ်မိုးထက်ထက်ဂွက်ထော်။ 

ဒီတော့ နိုင်ငံအတွက်ရော၊ အများပြည်သူအတွက်ပါ အန္တရာယ်ကြီးတဲ့ခင်ဗျားကို 

ကျုပ်တို့ ဒီအတိုင်း လွှတ် မထားနိုင်ဘူး။ ခင်ဗျားကို ကျုပ်တို့ ဖမ်းချုပ်လိုက်ပြီ” 


-----------


ဆက်ပါဦးမည် ..............


Credit - ဆောင်းလုလင်



အောင်မြင့်မြတ်(Myanmar Youths)


No comments:

Post a Comment