Friday, 8 April 2016

Gionee W909 flip phone

မြန်မာနိုင်ငံက မိုဘိုင်းဖုန်း အသုံးပြုသူတွေ ရင်းနှီးပြီးသား အမှတ်တံဆိပ် တစ်ခု ဖြစ်တဲ့ Gionee က နောက်ဆုံး
မိတ်ဆက်လိုက်တဲ့ W909 Flip Phone လေးပါ။

Android smartphone အမျိုးအစား ဖြစ်တဲ့ W909 လေးက $615 နဲ့ ရောင်း ချ သွားမှာဖြစ်လို့ တန်ဖိုးတော့ 
မသေးပါဘူး။ ဒါပေမယ့် W909 က fingerprint sensor ၊ USB Type-C port ၊ dual-touchscreen တွေ
ပါဝင် ထားတဲ့ ပထမဆုံး Android flip phone လေး ဖြစ်တာကြောင့် ဈေးကြီး တယ်လို့လည်း မဆိုနိုင်ပြန်ပါဘူး။

သတ္တုကိုယ်ထည်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ W909 ဟာ Android 5.1 Lollipop သုံးထားတဲ့ dual-SIM handset
လေး ဖြစ်ပြီး 2.5D glass display အမျိုးအစားဖြစ်တဲ့ 4.2-inch HD (720 x 1280 pixels) 
resolution IPS display နှစ်ခုနဲ့ ဖြစ်ပါတယ်။ Power ပိုင်းမှာတော့ octa-core MediaTek MT6755M processor 
နဲ့အတူ 4GB LPDDR3L RAM ကို အသုံးပြုထားတဲ့အပြင် 52GB အထိ သုံးနိုင်မယ့် 64GB built-in storage နဲ့ 
128GB အထိ တိုးနိုင်မယ့် microSD card slot တွေ ပါဝင်ထားပါတယ်။

Gionee W909 မှာ phase detection autofocus (PDAF) နဲ့ LED flash တွေ ပါတဲ့ 16-megapixel rear camera
နဲ့ 5-megapixel front-facing camera တွေလည်း ပါဝင်ထားပါတယ်။ 4G LTE network တွေကို support လုပ်ထားတဲ့
ဒီဖုန်းလေးမှာ Bluetooth v4.0 ၊ GPS ၊ Wi-Fi ၊ USB Type-C connectivity တွေ စုံလင်အောင် ပါရှိထားပြီး
တပ်ဆင်အသုံးပြုထားတဲ့ 2530mAh battery က talk time ကို ၂၉.၇ နာရီအထိ ရရှိစေပြီး standby အနေနဲ့ကတော့
၄၀၈ နာရီအထိ ရရှိထားတာ တွေ့ရပါတယ်။

124.1x62.8x16.5mm အရွယ်အစားနဲ့ 207 grams သာ အလေးချိန်ရှိတဲ့ W909 ရဲ့ fingerprint sensor ကို
ဟန်းဆက်ရဲ့ နောက်ကျောပိုင်းမှာ တပ် ဆင်ပေးထားပြီး ၀.၃၈ စက္ကန့်အတွင်း unlock လုပ်နိုင်တဲ့အထိ မြန်ဆန်ပါ တယ်။ Gionee W909
မှာ T9 keypad လည်း ပါဝင်ထားပြီး on-screen keyboard ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ W909 ကို Rose Gold
အရောင်နဲ့ ရောင်းချပေးထားပါတယ်။

--------------------------
Detail Specifications
--------------------------
Display 4.20-inch
Processor octa-core
Front Camera 5-megapixel
Resolution 720x1280 pixels
RAM 4GB
OS Android 5.1
Storage 64GB
Rear Camera 16-megapixel
Battery capacity 2530mAh







အောင်မြင့်မြတ်(Myanmar Youths)


No comments:

Post a Comment