တရုတ်နိုင်ငံထုတ် စမတ်ဖုန်းတွေထဲမှာ အရည်အသွေးမြင့်တဲ့ ဖုန်းတစ်လုံး အဖြစ် ထင်ရှားပြီး လူသိများတဲ့ Meizu
အမှတ်တံဆိပ်ထဲက M1 Metal ဖြစ်ပါတယ်။
Dual-SIM နဲ့အတူ 4G အသုံးပြုနိုင်တဲ့ M1 Metal မှာ 5.5-inch 1080 x 1920 (480ppi)
resolution ရှိတဲ့ LTPS capacitive touch screen နဲ့ ဖြစ်တဲ့အတွက် ရုပ်ထွက်ပိုင်းလည်း
အထူး မြင့်မားကောင်းမွန်တဲ့အပြင် Android 5.1.1 Lollipop နဲ့အတူ Meizu ရဲ့ ရိုးရှင်းသေသပ်လှပတဲ့
Flyme 5.1 နဲ့ ဖြစ်တာကလည်း ဆွဲဆောင်မှု မြင့်မားနေပါတယ်။
မျက်နှာပြင်အတွက် အသုံးပြုထားတဲ့ မှန်အမျိုးအစားက အကြမ်းပိုခံလာပြီး အသုံးပြုထားတဲ့ specification
တွေကလည်း စိတ်တိုင်းကျစေမယ့် performance ကို ရရှိစေမှာ ဖြစ်သလို 13 MP primary camera ပါရှိ
ထားပြီး selfie ဓာတ်ပုံကောင်းကောင်းတွေ ရရှိစေမယ့် 5 MP front camera တွေကလည်း ၀ယ်ယူအသုံးပြုသူတွေကို
စိတ်ကျေနပ်မှု ပေးနိုင်ပါ လိမ့်မယ်။ ဒါ့အပြင် လုံခြုံရေးပိုင်းအတွက် Fingerprint လည်း ပါဝင်မှာ ဖြစ်ပါ တယ်။
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment