Tuesday, 5 April 2016

Gionee က လက်ဗွေဖတ် စနစ်ပါ ခေါက်ဖုန်းကို မိတ်ဆက်ပြသ

လက်ဗွေဖတ်စနစ်ပါခေါက်ဖုန်းအမျိုးအစား Gionee W909 ကို အင်္ဂါနေ့က တရုတ်နိုင်ငံမှာပြုလုပ်သွားတဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ Gionee ကုမ္ပဏီက မိတ်ဆက်ပြသသွားခဲ့ပါတယ်။အဆိုပါခေါက်ဖုန်းမှာ ထိတွေ့မျက်နှာပြင်နှစ်ဖက်ပါဝင်ထောက်ပံ့ပေးထားကာ အနောက်ဘက်

ကင်မရာစွမ်းဆောင်ရည်အနေနဲ့ 16 MP ရှိပါတယ်။ RAM 4GB ၊ ROM 64GB နဲ့အတူ

CPU က Mediatek MT6755 Helio P10 ၊ Android Version 5.1 (Lollipop) ၊ရှေ့ကင်မရာ 5MP၊ ၄.၂ လက်မအရွယ် HD မျက်နှာပြင်နှစ်ခု နဲ့ Gionee W909 ကိုမွမ်းမံထားပါတယ်။ဖုန်းနောက်ကျောမှာ လက်ဗွေဖတ်စနစ် ပါဝင်ပြီး၊ ၀.၃၈ စက္ကန့်အတွင်း ဖုန်းကို unlock လုပ်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မိုဘိုင်းလ်စမတ်ဖုန်းဈေးကွက်အတွင်း ရောင်းချထားခြင်းမရှိသေးပါဘူး။


credit-netguide journal



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment